ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်သည့် ရှမ်းပြည် နယ်ဝန်ကြီးချုပ်(ဖလား) ခရိုင်ပေါင်းစုံ အမျိုးသမီးအသက် (၂၅)နှစ် အောက် ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲကို စက်တင်ဘာလ ၈ ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ရာမှာ တောင်ကြီးအသင်းကို ၂ ဂိုး၊ ဂိုးမရှိဖြင့်အနိုင်ရခဲ့ပြီး ပထမဆုဖလားကိုရှိခဲ့ပါတယ်။တာချီလိတ်ခရိုင်အမျိုးသမီးဘောလုံးအသင်းအနေဖြင့် ၂၀၂၃ ခုနှစ်က ညောင်ရွှေအသင်းကို ၁ ဂိုး၊ ဂိုးမရှိဖြင့်အနိုင်၊ ၂၀၂၄ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိ ခရိုင်အသင်း ၁၈ မြို့နယ်ပါဝင်သော ၂၅ နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲမှာလည်း ညောင်ရွှေအသင်းကို ၂ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်းနှင့် ယခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ တောင်ကြီးအသင်းနှင့်ယှဥ်ပြိုင်ကစားရမှာဖြစ်ကြောင်းသိရပြီး ယခုနှစ် ဇွန်လ ၇ ရက်နေ့ကလည်း ပြည်နယ်ဝန်ကြီးချုပ်ဖလားပြိုင်ပွဲမှာ တာချီလိတ်မြို့နယ်အနေဖြင့် အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲမှာ ရပ်စောက်အသင်းကို ၄ ဂိုး၊ ၁ ဂိုးဖြင့်ပထမဆုဖလားရရှိထားပါတယ်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊တာချီလိတ်ခရိုင်အမျိုးသမီးဘောလုံးအသင်း ၃ နှစ်ဆက်တိုက် ပထမဆုဖလားရရှိခဲ့
Sep 10 • 7:35 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 31 | 0 | 0 | 0 |


