ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက လုပ်ငန်းခွင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးသွားတဲ့ မြန်မာအလုပ်သမားများ ဒီဇင်ဘာ ၃၁ရက် နောက်ဆုံးထားသက်တမ်းတိုးဖို့ အသိပေးချက် ထုတ်ပြန်ထားပါသည်။သြဂုတ်လ ၁၃ ရက်နေ့မှာအလုပ်လုပ်ခွင့် သက်တမ်း ကုန်ဆုံးခဲ့သူတွေဟာ လာမယ့်ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား သက်တမ်းတိုးရမှာ ဖြစ်သည်ဟု ၎င်းကပြောကြားသည်။
အလုပ်ရှင်မှ အလုပ်လုပ်ခွင့်သက်တမ်း ၂ နှစ်အတွက် အခကြေးငွေ ပေးဆောင်ရမှာဖြစ်ကာ အလုပ်သမားရုံးမှ လျှောက်လွှာလက်ခံကြောင်းထောက်ခံစာနဲ့ ငွေဖြတ်ပိုင်းရပါက အလုပ်သမားက ယာယီနေထိုင်ခွင့်ဗီဇာ (Non-Immigrant - LA) သက်တမ်းတိုးဖို့အတွက် လူဝင်မှုကြီးကြပ်ရေးရုံး ကို သွားရောက်ဆောင်ရွက်ရမှာဖြစ်ပါသည်။လုပ်ငန်းစဉ်အားလုံးပြီးပါက အလုပ်သမားဟာ ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ အထိ ၂ နှစ် နေထိုင်ခွင့်ရရှိမှာဖြစ်ပြီး အချိန်မှီ သက်တမ်းမတိုးထားပါက ဥပဒေအရ အရေးယူမည်ဟု ၎င်းက ထပ်မံပြောကြားသည်။


