ဘားအံ က ရွှေဆိုင်တွေ လုပ်ထုံးလုပ်နည်းနဲ့အညီရောင်းဝယ်မှုရှိမရှိ ကွင်းဆင်းစစ်ဆေး‌နေ

Sep 09 • 5:02 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဘားအံ က ရွှေဆိုင်တွေ လုပ်ထုံးလုပ်နည်းနဲ့အညီရောင်းဝယ်မှုရှိမရှိ ကွင်းဆင်းစစ်ဆေး‌နေ

ဘားအံ က ရွှေဆိုင်တွေ လုပ်ထုံးလုပ်နည်းနဲ့အညီရောင်းဝယ်မှုရှိမရှိ ကို ကွင်းဆင်းစစ်ဆေးကြပ်မတ်တာ တွေပြုလုပ်နေပါတယ်။ဘားအံ က ရွှေဆိုင်တွေ စစ်ဆေးကြပ်မတ်တာ ကို ဘားအံဈေးအ...

ဘားအံ က ရွှေဆိုင်တွေ လုပ်ထုံးလုပ်နည်းနဲ့အညီရောင်းဝယ်မှုရှိမရှိ ကို ကွင်းဆင်းစစ်ဆေးကြပ်မတ်တာ တွေပြုလုပ်နေပါတယ်။ဘားအံ က ရွှေဆိုင်တွေ စစ်ဆေးကြပ်မတ်တာ ကို ဘားအံဈေးအတွင်း မှာ စက်တင်ဘာ ပထမတ်က စပြီး ကွင်းဆင်းစစ်ဆေးတာတွေပြုလုပ်ခဲ့ပါတယ်။ရွှေဆိုင်တွေ ကို ကွင်းဆင်းစစ်ဆေးတာမှာ ရွှေဆိုင်တွေ အနေနဲ့ ရွှေ‌ဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးဆပ်ကော်မတီ(နေပြည်တော်) ရဲ့ ညွှန်ကြားစာပါ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက နေ့စဉ်သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးနဲ့ ရောင်းဝယ်တာ ရှိ/မရှိ၊ သတ်မှတ်ထားတဲ့ လုပ်ငန်းလိုင်စင်တွေ ပြည့်စုံမှု ရှိ/မရှိ l မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၂၁ ပါအတိုင်း လိုက်နာဆောင်ရွက်တာ ရှိ/မရှိ ၊ဈေးကစား ဖို့ ရည်ရွယ် ချက် နဲ့ ရောင်းဝယ်တာရှိ/မရှိ စတဲ့ အချက်တွေကို ကွင်းဆင်းစစ်ဆေးနေကြတာလည်းဖြစ်ပါတယ်။အခုလို စစ်ဆေးတာတွေကို ရန်ကုန်တိုင်းဒေသကြီး အတွင်းက ရွှေဆိုင်တွေကိုလည်း ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း က သိရပါတယ်။


news-view-count-icon

6