ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ရွှေဆန်းလီရွှေဆိုင်ကို သေနတ်ကိုင်ဆောင်ထားတဲ့ မျက်နှာဖုံးစွပ် လူသုံးဦး မနေ့က (စက်တင်ဘာ ၈ ရက်) နေ့လယ်ပိုင်းမှာ ဓားပြတိုက်ခံခဲ့ရပါတယ်။မြစ်ကြီးနားမြို့လယ်ရှိ အောင်နန်းရပ်ကွက်မှ ရွှေဆန်းလီရွှေဆိုင်ကို ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ လူသုံးဦးတို့ ဝင်ရောက်ကာ သေနတ်ပြ ခြိမ်းခြောက်ပြီး လက်ဝတ်ရတနာများကို လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်ပါတယ်။ပါဝင်သွားတဲ့ ရွှေထည်ပစ္စည်းတန်ဖိုးကို အတိအကျမသိရသေးဘဲ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ရန် စစ်ဆေးမှုများ ပြုလုပ်နေပါတယ်။
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့တွင်ရွှေဆိုင်ဓားပြတိုက်ခံရမှုဖြစ်ပွား
Sep 09 • 4:46 AM
မြန်မာ
ကချင်
မျှဝေမည်
9 | 0 | 0 | 0 |