ပဲခူးမြို့ ဥဿာမြိုသစ်(၇)ရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်းမ ဘေးတွင် ဖွင့်လှစ်ထားတဲ့ “ပွင့်" ကွမ်းယာပစ္စည်းနှင့် အအေးမျိုးစုံဆိုင်ကို စက်တင်ဘာ၈ရက်ညပိုင်းက အမျိုးသား၃ဦး အနုကြမ်းစီး လုယက်ခဲ့ကြပါတယ်။အနုကြမ်းစီးသူတွေက ပိုက်ဆံ ဖုန်းနဲ့ ရွှေထည်ပစ္စည်းများအား ဓားပြတိုက် လုယက်သွားခဲ့တာဖြစ်ပြီး ကျူးလွန်သူ (၃)ဦးကိုတော့ တာဝန်ရှိသူများက “FIVE STAR KTV” တွင် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ဓားပြတိုက် လုယက်သွားသူ (၃)ဦး မှာ အသက်၂၃နှစ်အရွယ် ဇင်ကို(ခ)ကိုဇင် အမှတ်(၃) ရပ်ကွက် ဘုရားကြီးမြို့ အသက်၁၉နှစ်အရွယ် လမင်း(ခ)ကိုငယ် အမှတ်(၃) ရပ်ကွက် ဘုရားကြီးမြို့ နဲ့ အသက် ၂၂နှစ်အရွယ် နိုင်မင်းထွန်း ချင်စုအထပ်သားလမ်း ဥဿာမြိုသစ်(၈)ရပ်ကွက် ပဲခူးမြို့တွင် နေထိုင်သူတွေ ဖြစ်ပါတယ်။



