ဟင်္သာတမြို့၊ ပါဆယ်လမ်းမှ သွားဆရာဝန်ဒေါက်တာခင်မောင်ထွန်း နှင့် ဇနီးတို့ကိုစက်တင်
ဘာ၈ ရက်၊ ညနေ ၄နာရီခန့်တွင် အမျိုးသားတစ်ဦးက ဓားဖြင့်သတ်ဖြတ်သွားခြင်းဟုမြို့ခံအချို့ကပြောသည်။သတ်ဖြတ်မှုကျူးလွန်သူသည် လူငယ်တစ်ဦးဖြစ်ပြီး အဆိုပါ ဆရာဝန်နှင့် ဇနီးဖြစ်သူအပြင် နေအိမ်ထဲမှ အိမ်အကူနှင့်အခြားအမျိုးသမီးတစ်ဦးကိုပါ ဓားဖြင့်ထိုးသွားသည်ဟု သိရသည်။ဟင်္သာတမြို့ ၊ ပါဆယ်လမ်းနဲ့ ပတ္တမြားလမ်းဆုံ အနီးမှာ ဖွင့်ထားတဲ့ သွားဆေးခန်းပိုင်ရှင် ဒေါက် တာတင်မောင်ထွန်းရဲ့ ဆေးခန်းမှာ အခုလို ဖြစ်ပွားခဲ့တာပါ ။ အခင်းဖြစ်ပွားရာမှာတော့ ဆရာဝန်ရဲ့ဇနီး ဒေါ်ဇင်မီမီသက်က ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒေါက် တာ တင်မောင်ထွန်းကတော့ ဆေးရုံအထိ အသက်မမီခဲ့ဘူးလို့လည်း ဆေးရုံဝန်ထမ်းတဦးကအတည်ပြုပါတယ်။PCX အမျိုးအစား ဆိုင်ကယ်စီးလာတဲ့ အသားဖြူဖြူမျက်နှာသွယ်သွယ် အမည်မသိအမျိုးသားက သွားဆေးခန်းကို ရောက်လာခဲ့ပြီး သူ့အလှည့်အရောက်မှာ ဆရာဝန်ကို ဓါးနဲ့ထိုးခဲ့တယ်လို့ ဆိုပါတယ်။ဆရာဝန်ကတော်က အနားမှာ ရှိနေတဲ့အတွက် သူ့ကိုလည်း ဓါးနဲထိုးပြီး ခွဲချလိုက်တဲ့အတွက် ပွဲချင်း ပြီး သေဆုံးခဲ့တာလို့ ရပ်ကွက်အတွင်းမှာ နေထိုင်သူ တဦးက သူကြားတဲ့အကြောင်းကို ပြောပါတယ်။အမှုအခင်းနဲ့ ပါတ်သက်ပြီး မြို့ပေါ်မှာ သတင်းတွေ အမျိုးမျိုး ပြောနေကြပေမယ့် ဆေးခန်းမှာ ရှိတဲ့ ပစ္စည်းတစုံတရာကို ယူမသွားခဲ့ဘူးဆိုတာကိုတော့ ဆွေမျိုးနီးစပ်တော်သူတဦးကလည်း အတည်ပြုပါတယ်။အခင်းဖြစ်ပွားချိန်ဟာ ဆေးခန်းဖွင့်ချိန်ဖြစ်တဲ့အတွက် တခြားလူနာတွေလည်း ရှိသလို ၊ ဆေးခန်းနဲ့ မျက်နှာချင်းဆိုင်မှာ လဘ္ဘက်ရည်ဆိုင်ရှိတဲ့အတွက် အနုကြမ်းစီးတာ၊ဓါးမြတိုက်ချင်တာဆိုရင် ဒီလိုနေရာမှာ ဒီလိုအချိန် လုပ်မှာမဟုတ်ဘူးလို့လည်း မြို့ခံတဦးက သုံးသပ်ပါတယ်။ သေဆုံးသွားတဲ့ ဆရာဝန်လင်မယားရဲ့ ရုပ်အလောင်းတွေကိုတော့ ဆေးရုံကနေ အိမ်ကိုပြန်သယ်မှာ ဖြစ်ပြီး ကနဦး သတင်းတွေအရ ဈာပနအခမ်းအနားကို သုံးရက်အကြာမှာ ပြုလုပ်မယ်လို့ သိရပါတယ်။



