ထိုင်းနိုင်ငံရှိ ဆည်များတွင် ရေသိုလှောင်နိုင်သည့် ပမာဏထက်များလာသည့်အတွက် ရေကြီးလာနိုင်

Sep 08 • 3:18 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံရှိ ဆည်များတွင် ရေသိုလှောင်နိုင်သည့် ပမာဏထက်များလာသည့်အတွက် ရေကြီးလာနိုင်

ထိုင်းနိုင်ငံရှိ အဓိက ဆည်ကြီး ၉ ခုတွင် သတ်မှတ်ထားသည့် သိုလှောင်ပမာဏထက် ရေပိုလျှံနေတယ်လို့ သတင်းထုတ်ပြန်ပြီးနောက် အမျိုးသား ရေအရင်းအမြစ်ဆိုင်ရာရုံး (ONWR) က တစ်န...

ထိုင်းနိုင်ငံရှိ အဓိက ဆည်ကြီး ၉ ခုတွင် သတ်မှတ်ထားသည့် သိုလှောင်ပမာဏထက် ရေပိုလျှံနေတယ်လို့ သတင်းထုတ်ပြန်ပြီးနောက် အမျိုးသား ရေအရင်းအမြစ်ဆိုင်ရာရုံး (ONWR) က တစ်နိုင်ငံလုံးတွင် ရေကြီးနိုင်တယ်လို့ သတိပေးလိုက်ပါသည်။ ယမန်နေ့ စက်တင်ဘာလ ၇ ရက်က ONWR က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ နိုင်ငံတစ်ဝန်းမှ ရေလှောင်တမံအားလုံးရဲ့ စုစုပေါင်း ရေပမာဏဟာ ကုဗမီတာ ၅၇.၈၅၉ ဘီလီယံ ရှိလာပြီဖြစ်ပြီး ၎င်းဟာ စုစုပေါင်း သိုလှောင်နိုင်စွမ်းရဲ့ ၇၂ ရာခိုင်နှုန်း ဖြစ်ပါသည်။ထိုအထဲကမှ ကုဗမီတာ ၃၃.၇၃၇ ဘီလီယံ (သိုလှောင်နိုင်စွမ်းရဲ့ ၅၈ ရာခိုင်နှုန်း) ကိုတော့ အသုံးပြုနိုင်တဲ့ ရေပမာဏအဖြစ် သတ်မှတ်ထားပါသည်။အဓိက ဆည်ကြီး ၉ ခုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။မြောက်ပိုင်းတွင် Mae Mok Reservoir, Sirikit Reservoir နဲ့ Kwae Noi Bamrung Daen Reservoir၊ အရှေ့မြောက်ပိုင်းတွင် Huai Luang Reservoir, Nam Phung Reservoir, Nam Oun Reservoir, Chulabhorn Reservoir နဲ့ Ubol Ratana Reservoir၊အရှေ့ပိုင်းတွင်တော့ Bang Phra Reservoirဖြစ်ပါသည်။ONWR က အန္တရာယ်ရှိတဲ့ နေရာတွေမှာ နေထိုင်တဲ့သူတွေကို အခြေအနေကို အနီးကပ် စောင့်ကြည့်ဖို့၊ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ တရားဝင် ကြေညာချက်တွေကို အမြဲနားစွင့်ထားဖို့ ထုတ်ပြန်ထားပါသည်။

news-view-count-icon

11