လကြတ်မှုဖြစ်စဉ်အားရန်ကုန်မြို့မှ တွေ့မြင်ရစဉ်

Sep 07 • 6:28 PM

breaking-news

မြန်မာ

ရန်ကုန်

cover

လကြတ်မှုဖြစ်စဉ်အားရန်ကုန်မြို့မှ တွေ့မြင်ရစဉ်

လကြတ်မှုဖြစ်စဉ်ကို ရန်ကုန်မြို့ကနေ စက်တင်ဘာ၇ရက်၊ ည၁၁နာရီခွဲခန့်မှာ တွေ့မြင်ရတဲ့အနေအထားဖြစ်ပါတယ်။လကြတ်ခြင်းဖြစ်စဉ်ဟာ စက်တင်ဘာ၇ရက် ည၁၀နာရီ၅၇မိနစ်ကနေ စတင်ပြီး လကြတ...

လကြတ်မှုဖြစ်စဉ်ကို ရန်ကုန်မြို့ကနေ စက်တင်ဘာ၇ရက်၊ ည၁၁နာရီခွဲခန့်မှာ တွေ့မြင်ရတဲ့အနေအထားဖြစ်ပါတယ်။

လကြတ်ခြင်းဖြစ်စဉ်ဟာ စက်တင်ဘာ၇ရက် ည၁၀နာရီ၅၇မိနစ်ကနေ စတင်ပြီး လကြတ်ခြင်းဖြစ်စဉ်အစအဆုံး အနေနဲ့ကတော့ ကြာမြင့်ချိန် ၅ နာရီ ၂၇ မိနစ်ခန့် ကြာမြင့်မှာလည်းဖြစ်တယ်လို့ဆိုပါတယ်။လကြတ်ခြင်းဖြစ်စဉ်ဆိုတာ နေ၊ ကမ္ဘာနဲ့ လ တစ်တန်းတည်းကျရောက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး ဒီဖြစ်စဉ်မှာ ကမ္ဘာရဲ့ အရိပ်က လပေါ်ကို သွားကျရောက်တာကြောင့် လကြတ်ခြင်းဖြစ်စဉ်ဖြစ်ပေါ်လာရတယ်လို့ MASESရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။




news-view-count-icon

6