မန်ချက်စတာယူနိုက်တက် ဂိုးသမား အိုနာနာကို တူရကီကလပ် Trabzonspor ဟာ တစ်ရာသီအငှားနဲ့ ခေါ်ယူရန် နှစ်သင်းကြားမှာ နှုတ်အားဖြင့် သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း Fabrizio Romano က ဖော်ပြလိုက်ပါသည်။အပြောင်းအရွေ့ကိစ္စ အထမြောက်ရန် ကစားသမား အိုနာနာ၏ ဆုံးဖြတ်ချက်ကိုသာ စောင့်ဆိုင်းနေရပြီလို့ ပြောကြားထားပါသည်။အိုနာနာက မန်ယူနိုက်တက်ကို ရောက်ရှိပြီးတည်းက ဝေဖန်မှုများစွာ ခံနေရသူဖြစ်ပြီး လက်ရှိတွင်လည်း မန်ယူတွင် အရံကစားသမားသာ ဖြစ်နေသူဖြစ်ပါသည်။
မန်ယူနိုက်တက် ဂိုးသမား အိုနာနာကို ခေါ်ယူရန် တူရကီကလပ် မန်ယူဆီမှ သဘောတူညီမှုရသွား
Sep 07 • 8:56 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 39 | 0 | 0 | 0 |


