ပန်းလောင်မြစ်တွင်းသွား အပန်းဖြေခရီးစဉ်သည် ခရီးသွားစိတ်ဝင်စားမှု အလွန်မြင့်တက်ခြင်းခံခဲ့ရသည့် ဒေသတွင်းခရီးစဉ်တစ်ခုဖြစ်ခဲ့ကြောင်း ဒေသခံနှင့် ခရီးသွား၀န်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူများထံက သိရသည်။ယခင်က စနေတနင်္ဂနွေနှင့် အစိုးရရုံးပိတ်ကျောင်းပိတ်ရက်များတွင်သာ ခရီးအသွားအလာများခဲ့သော်လည်း ပြီးခဲ့သည့်လကစ၍ နေ့စဉ်ခရီးသွားမပြတ်ဝင်ရောက်မှုရှိနေကြောင်း ဒေသခံများက ဆိုသည်။ပန်းလောင်မြစ်တွင်းသွား အပန်းဖြေခရီးစဉ်(Eco L)သည် ကူမဲမြို့အတွင်း တည်ရှိပြီး မြစ်ကြောင်းတလျှောက် ရေတံခွန်ကြီးငယ်များနှင့် သဘာ၀တောတောင်စိမ့်စမ်း အလှအပများကြောင့် အညာဒေသ၏ အိုအေစစ် ခရီးစဉ်တစ်ခုအဖြစ် လူသိများခြင်းဖြစ်သည်။



