စင်ကာပူ၊ ချိုင်ချီးလမ်းရှိ HDB တိုက်ခန်းတစ်ခန်းတွင် စက်တင်ဘာ ၅ ရက်နေ့ ည ၁၁:၀၅ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူသုံးဦးကို ဆေးရုံသို့ တင်ပို့ကုသမှုခံယူစေခဲ့ရသည်။မီးလောင်မှုသည် အခန်းရှစ်ထပ်ရှိ တိုက်ခန်းတစ်ခု၏ ဧည့်ခန်းမှစတင်ခဲ့ပြီး စင်ကာပူ မီးသတ်ဦးစီးဌာန (SCDF) မှ ရေပိုက်ဖြင့် မီးကိုငြှိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်စဥ်က တိုက်ခန်းအတွင်း လူမရှိခဲ့ပေ။
အနီးအနားရှိ တိုက်ခန်းများမှ နှစ်ဦးကို ချန်းဂျီအထွေထွေဆေးရုံသို့လည်းကောင်း၊ အခြားတစ်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကိုမူ စင်ကာပူအထွေထွေဆေးရုံသို့ မီးခိုးရှူရှိုက်မိမှုအား စစ်ဆေးကုသရန် တင်ပို့ခဲ့သည်။ ကြိုတင်ကာကွယ်မှုအဖြစ် ရဲနှင့် SCDF တို့မှ နေထိုင်သူ ၅၀ ခန့်အား လူစုခွဲရွေ့ပြောင်းပေးခဲ့သည်။ မီးလောင်မှုအကြောင်းရင်းအား စုံစမ်းစစ်ဆေးလျက်ရှိသည်။