မွန်ပြည်နယ်၊ ရေးမြို့နယ်လမိုင်းမြို့တွင် နွားလှည့်ပွဲ ကျင်းပခဲ့

Sep 06 • 4:39 AM

breaking-news

မြန်မာ

မွန်

breaking-news
cover

မွန်ပြည်နယ်၊ ရေးမြို့နယ်လမိုင်းမြို့တွင် နွားလှည့်ပွဲ ကျင်းပခဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသည့် နွားလှည့်ပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။နှစ်စဉ် နှစ်တိုင်း တော်သလင်းလဆန်း ၁၄ ရက်နေ့တွင် နွာ...

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသည့် နွားလှည့်ပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။နှစ်စဉ် နှစ်တိုင်း တော်သလင်းလဆန်း ၁၄ ရက်နေ့တွင် နွားလှည့်ပွဲကို ကျင်းပလေ့ရှိကြောင်း လမိုင်းမြို့ခံတစ်ဦးက ပြောသလိုနွားလှည့်ပွဲဖြစ်ပေါ်လာပုံမှာ လေမုန်တိုင်းကြောင့် ကျိုက်ကေလာသစေတီ ကျိုးပြတ်ခဲ့ဖူးသည်။ ထိုစဉ် အလွန်လိမ္မာသည့် နွားနှစ်ကောင်မှ ကေလာသသေတီပြန်လည်ပြုပြင်ရန် အုတ်ချပ်များကို ကျိုက်ဇူအုတ်ဖိုမှ အကြိမ်များစွာ နွားလှည်းဖြင့် ယူဆောင်ပေးခဲ့သည်။အဆိုပါ နွားနှစ်ကောင်ကို တစ်ရွာလုံးက ချစ်ခင်ခဲ့ပြီး နွားညီနောင် စားသုံးရန်အတွက် ဒေသခံများက မိမိတို့၏ အိမ်ရှေတွင် အစားအစာများကို ပြင်ဆင်ပေးထားခဲ့သည်။ ရေးမြို့တွင် နေထိုင်သော စေတီကိုပြုပြင်စောင့်ရှောက်နေသည့် မရမ်းကျောင်း ဆရာတော်မှ နွားလိမ္မာများကို ဂုဏ်ပြုသောအားဖြင့် တော်သလင်းလဆန်း ၁၄ ရက်နေ့ ရောက်တိုင်း နှစ်စဉ် ရွာလုံးကျွတ် နွားလှည့်ပွဲကျင်းပစေခဲ့ခြင်းဖြစ်ပါတယ်။


news-view-count-icon

5