ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေမြင်းဝန်ဘုရားကြီးတောင်ဘက်မုဒ်အနီးတွင် ယနေ့ စက်တင်ဘာ ၅ ရက် နံနက် ၈ နာရီခွဲအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။မြဝတီမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ကား (၅) စီးဖြင့် ပူးပေါင်းငြှိမ်းသတ်ပေးခဲ့ကြကြောင်း သိရသည်။လက်ရှိတွင် မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့်အရာများကို တာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
မြဝတီမြို့၊ ရွှေမြင်းဝန်ဘုရားကြီးတောင်ဘက်မုဒ်အနီးတွင် မီးလောင်မှုဖြစ်ပွား
Sep 05 • 3:48 PM
မြန်မာ
ကရင်
မျှဝေမည်
5 | 0 | 0 | 0 |