ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ထစိုင်နယ်မြေ ၊ထိုင်ယူနစ်စျေးတွင်းရှိကုန်ပစ္စည်းရောင်းချတဲ့မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်းအလုပ်သမားရေးကူညီဆောင်ရွက်ပေးနေသူများက ထုတ်ပြန်ထားသည်။ပြည်တွင်းလုံခြုံရေး စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ (ISOC) နဲ့ ရဲတပ်ဖွဲ့များပူးပေါင်းပြီး၊ ထာ့စိုင် လမ်းပေါ်ရှိ လမ်းဘေးဆိုင်တစ်ဆိုင်ကို ဝင်ရောက်စီးနင်းရှာဖွေရာမှာ တရားမဝင် ကုန်ခြောက်ရောင်းချနေတဲ့ မြန်မာလုပ်သားနှစ်ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါသည်။ဖမ်းဆီးခံထားရသည့် တရားမဝင် ကုန်ပစ္စည်းရောင်းချသူ မြန်မာ ၂ ဦးကို စမွတ်စခွန်မြို့မ ရဲစခန်း ကို လွှဲပြောင်းပေးအပ်ပြီး ၊ ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါသည်။



