ရန်ကုန် - မန္တလေးတိုက်ရိုက်ခရီးစဥ်တွင် စပိန်ရထားသစ်နဲ့ပြေးဆွဲရန် မီးရထားလမ်းပိုင်းများအား ပြုပြင်မှုလုပ်နေ

Sep 05 • 5:02 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရန်ကုန် - မန္တလေးတိုက်ရိုက်ခရီးစဥ်တွင် စပိန်ရထားသစ်နဲ့ပြေးဆွဲရန် မီးရထားလမ်းပိုင်းများအား ပြုပြင်မှုလုပ်နေ

DEMU စပိန်ရထားသစ်တွေနဲ့ ရန်ကုန်-မန္တလေးတိုက်ရိုက်ခရီးစဥ်ပြေးဆွဲရန် နေပြည်တော်နဲ့ မန္တလေးလမ်းပိုင်းကိုဆက်လက်ပြင်ဆင်နေပြီးလမ်းပိုင်းအဆင့်မြှင့်တင်မှုပြီးစီးပါက ပြ...

DEMU စပိန်ရထားသစ်တွေနဲ့ ရန်ကုန်-မန္တလေးတိုက်ရိုက်ခရီးစဥ်ပြေးဆွဲရန် နေပြည်တော်နဲ့ မန္တလေးလမ်းပိုင်းကိုဆက်လက်ပြင်ဆင်နေပြီးလမ်းပိုင်းအဆင့်မြှင့်တင်မှုပြီးစီးပါက ပြေးဆွဲသွားမယ်လို့ မြန်မာ့မီးရထားအသိုင်းအဝိုင်းနဲ့ ‌နီးစပ်သူများကပြောကြားသည်။လတ်တလောတွင် ရန်ကုန် - နေပြည်တော်အမြန်ရထားခရီးစဥ်ကို DEMU Aircon ဂျပန်တွဲဆိုင်းတွေနဲ့ နေ့စဉ်ပြေးဆွဲပေးနေသလို DEMU စပိန်တွဲဆိုင်း(Spain Coach) အဲကွန်းအမြန်ရထားခရီးစဉ်တွေကိုတော့အပတ်စဉ် သောကြာ/စနေနေ့တွေမှာရန်ကုန်-နေပြည်တော်ခရီး စဉ်အဖြစ်လည်းကောင်း၊အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တွေမှာနေပြည် တော်-ရန်ကုန်ခရီးစဉ်တွေအနေနဲ့ ပြေးဆွဲပေးနေတယ်လို့ ထုတ်ပြန်ထားပါသည်။သို့သော် ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုတွေကျန်ရှိနေသေးလို့ DEMU စပိန်ရထားသစ်ကြီးတွေနဲ့ ရန်ကုန်-မန္တလေးကိုတိုက်ရိုက်ခရီးစဥ်အဖြစ်ပြေးဆွဲ‌ပေးဖို့လတ်တလောကာလမှာမဖြစ်နိုင်သေးဘူးဟု မီးရထားမှ တာဝန်ရှိသူများနှင့် နီးစပ်သူများက ပြောကြားသည်။

news-view-count-icon

4