အမူးသမားမောင်းသည့်ဆိုင်ကယ်ဖြင့် အတိုက်ခံရပြီး သေဆုံးခဲ့ရသော်လည်း သေဆုံးသူဆရာမမှာ တရားခံဖြစ်သွားရ

Sep 05 • 4:58 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အမူးသမားမောင်းသည့်ဆိုင်ကယ်ဖြင့် အတိုက်ခံရပြီး သေဆုံးခဲ့ရသော်လည်း သေဆုံးသူဆရာမမှာ တရားခံဖြစ်သွားရ

ကျိုင်းတုံမြို့တွင် အရက်သေစာသောက်စားပြီး ပြန်လာသည့် အသက် ၁၅နှစ်အရွယ် လူငယ် ၂ဦး မောင်းနှင်သည့် ဆိုင်ကယ်ဖြင့် ဆိုင်ကယ်ချင်းတိုက်မိကာ သေဆုံးသွားသူ ကျောင်းဆရာမတစ်ဦး...

ကျိုင်းတုံမြို့တွင် အရက်သေစာသောက်စားပြီး ပြန်လာသည့် အသက် ၁၅နှစ်အရွယ် လူငယ် ၂ဦး မောင်းနှင်သည့် ဆိုင်ကယ်ဖြင့် ဆိုင်ကယ်ချင်းတိုက်မိကာ သေဆုံးသွားသူ ကျောင်းဆရာမတစ်ဦးကို ကျိုင်းတုံမြို့နယ် တရားရုံးက တရားခံအဖြစ်အမိန့်ချမှတ်ခဲ့ကြောင်း နီးစပ်သူများမှပြောကြားပါသည်။ယခင်လသြဂုတ်လ ၁၅ရက်နေ့၊ ည၈နာရီ ၁၅မိနစ်တွင် ကျိုင်းတုံမြို့၊ လေယာဉ်ကွင်းလမ်း၊ သီးသန့် ဟိုတယ်ရှေ့တွင် ဆိုင်ကယ် ၂စီး တိုက်မိခြင်းဖြစ်ပြီး အမှတ်(၁)ရပ်ကွက်၊ ဝမ်ဟွေရပ်နေ မောင်လင်းခန့်နိုင်၊ အသက်၁၄နှစ် မောင်းနှင်၍ အမှတ်(၁)ရပ်ကွက်၊ စွန်မွန်းရပ်နေ အသက် ၁၅ အရွယ် မောင်မင်းခန့် အနောက်မှ လိုက်ပါစီးနင်းလာသော PCX ဆိုင်ကယ်နှင့် အထက ယန်းလူးမှ အသက် ၃၆ နှစ်အရွယ် အထက်တန်းပြဆရာမဒေါ်လင်းလင်းမို့ စီးနင်းလာသည့် Honda Wave 125 ဆိုင်ကယ်တို့ တိုက်မိခြင်းဖြစ်သည်။ယာဥ်တိုက်မှု‌ေကြာင့် ဒေါ်လင်းလင်းမို့မှာ ယင်းည ၁၁နာရီကျော်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်စဉ်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရားရုံးမှ အမိန့်ချရာတွင် သေဆုံးသွားသည့် ဆရာမလင်းလင်းမို့ကို တရားခံအဖြစ် အမိန့်ချမှတ်ခဲ့သည်။လင်းမို့ကို တရားခံအဖြစ် အမိန့်ချမှတ်ခဲ့ပြီး အရက်သောက်စားမောင်းနှင့်သူ လူငယ် ၂ဦးကိုမူ မိဘအုပ်ထိန်းမှုအောက်တွင် ၃ နှစ်နေထိုင်ရန် အမိန့်ချခဲ့ပါသည်။ထိုဖြစ်စဥ်‌ေကြာင့် ကိုင်တွယ်သူမှာ ရဲအုပ်ရှိုင်းမော်ဆိုသူဖြစ်ပြီး အမှုတွင် သေဆုံးသူ၏ အသက်လွဲမှားမှု၊ သေဆုံးချိန် အမှန်မဟုတ်မှု၊ လမ်းမမှားဘဲ လမ်းမှန်စီးပြီး အတိုက်ခံရသူမှာ တရားခံအဖြစ် တရားရုံးမှ အမိန့်ချမှတ်ခံရမှုများကို ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း တာဝန်ရှိသူများနှင့် ဆောင်ရွက်မှုများ၊ လုပ်ထုံး/လုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ဆောင်ခဲ့ခြင်း ဟုတ်မဟုတ် ဒေသခံများက မေးခွန်းထုတ်နေကြသည် ။

news-view-count-icon

8