ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်းကွေ့ရပ်ကွက် ၅ ရှိ အသားစားကြက်မွေးမြူရေးခြံတစ်ခု ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခွဲဝန်းကျင်၌ မီးလောင်မှုကြီးဖြစ်ပွားခဲ့ကြောင်း သိရသည်။မီးလောင်မှုကြီးကြောင့် ကြက်မွေးမြူရေးခြံတစ်လုံးနီးပါး မီးလောင်ပျက်စီးခဲ့ရပြီး အဆိုပါ မီးလောင်မှုမှာ ဂက်စ်အိုးသိုလှောင်ရုံမှ စတင်လောင်ကျွမ်းခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။အဆိုပါမီးလောင်မှုကို မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား ၅ စီးနှင့် လူမှုကူညီရေးအသင်းတို့က ၂ နာရီကျော်ကြာ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
မြစ်ကြီးနားမြို့ နန်းကွေ့ရပ်ကွက်မှ ကြက်ခြံမီးလောင်မှု ဂက်စ်အိုးသိုလှောင်ရုံမှ စတင်သည်ဟုဆို
Sep 04 • 4:58 PM
မြန်မာ
ကချင်
မျှဝေမည်
6 | 0 | 0 | 0 |