မြန်မာနိုင်ငံနှင့် ထိုင်းငံနိုင်နယ်စပ်မြို့များတွင် ထိုင်းသွားမည့်ရှမ်းတောင်မှ ဒေသခံအများ သောင်တင်နေကြပြီး အခက်အခဲများဖြစ်နေကြသည်ဟု စက်တင်ဘာလ(၄)ရက်နေ့တွင် ရှမ်းတောင်ဒေသခံတစ်ဦးထံမှ သိရသည်။ မြန်မာနိုင်ငံမှ တရားမဝင်သည့်နည်းလမ်းဖြင့် ထိုင်းနိုင်ငံဘက်သို့ နေ့တိုင်းသွားသည့်သူရှိနေပြီး ထိုင်းနိုင်ငံဘက်တွင် အဖမ်းခံထိသည့်သူများလည်း နေ့တိုင်းနီးပါးရှိနေကြောင်း သိရသည်။ ထိုင်းနိုင်ငံသို့တရားမဝင်အလုပ်သွားလုပ်ရန်အတွက် ပွဲစားခကို အနည်းဆုံး တစ်ယောက် မြန်မာငွေ(၁၂)သိန်းကျော် သိန်း(၂၀)ထိ ပေးဆောင်နေရပြီး ထိုင်းနိုင်ငံသို့တိုက်ရိုက် အမြန်ထွက်မည်ဆိုပါက နောက်ထပ်(၂)သိန်းအနည်းဆုံး ထပ်ပေးနေရကြောင်း သိရသည်။
မြန်မာနှင့်ထိုင်းနယ်စပ်တွင် ထိုင်းသွားမည့်ရှမ်းတောင်မှဒေသခံများ သောင်တင်နေကြပြီး အခက်အခဲဖြစ်နေ
Sep 04 • 4:04 PM
မြန်မာ
ရှမ်း
မျှဝေမည်
6 | 0 | 0 | 0 |