၁၅-၈-၂၀၂၅ ညနေ ၈:၁၅ နာရီ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကျိုင်းတုံမြို့၊လေယာဉ်ကွင်းလမ်း၊သီးသန့်ဟော်တယ်ရှေ့တွင်ဖြစ်ပွါးခဲ့သည့် ဆိုင်ကယ်ယာဉ်တိုက်မှူတွင် အသက်(၃၅)နှစ်အရွယ်၊ယန်းလူး အထက်တန်းပြဆရာမဒေါ်လင်းလင်းမို့ နှင့်အသက် (၁၄)နှစ်အရွယ် လူငယ်နှစ်ဦး စီးနှင်းမောင်းနှင်လာသော ဆိုင်ကယ်နှင့် ယာဉ်တိုက်မှူဖြစ်ပွါးကာဆုံး ပါးသွားကြောင်းသိရှိရပါသည်။ထိုယာဉ်တိုက်မှူတွင် ဖြစ်ပွါးခဲ့သော ဖြစ်စဉ်အမှန်များကို ကျိုင်းတုံ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အဖွဲ့နှင့်ရဲတပ်ဖွဲ့မှာ ဖြစ်စဉ်အမှန်များကို ဖုံးကွယ်ကာ မျက်မြင်သက်သေများကိုမေးမြန်းစုံစမ်းခြင်းမရှိပဲဆုံးပါးသွားသူအပေါ် တရားခံအဖြစ်သတ်မှတ်ပြီး မိသားစုကို အသိမပေးပါပဲ အမှူပိတ်ခဲ့ကြောင်းသိရှိရပါသည်သို့ဖြစ်ပါသောကြောင့် ဆုံးပါးသွားသူ ဆရာမ
လင်းလင်းမို့ ၏ကျန်ရစ်သူမိသားစုမှာ သမီးဖြစ်သူဆုံးပါးသွားပြီး မသိလိုက်ပါပဲ တရားခံဖြစ်သွားရသည့်အပေါ် တရားခံအဖြစ် အမိန့်ချမူအားပယ်ဖျက်ပေးရန်လိုလားကြောင်း ပြောဆိုထားပါသည်။



