ဂျပန်လေကြောင်းလိုင်း (Japan Airlines_JAL)တွင် အရက်သောက်ထားသည့် လေယာဉ်မှူးကြောင့် ဟာဝိုင်ယီကျွန်းကနေ ဂျပန်ပြည်ကို သွားမည့်လေကြောင်းခရီးစဉ်သုံးခု နောက်ကျခဲ့ရပါသည်။
ထ်ုထဲက နှစ်ခုဆိုရင် ၁၈ နာရီနီးပါးလောက်တောင် နောက်ကျခဲ့သည်ဟု ပြောကြားခဲ့သည်။JAL လေကြောင်းလိုင်း၏ ပြောကြားချက်အရ ထိုလေယာဉ်မှူးဟာ သူ့တာဝန်ကျ ခရီးစဉ်မတိုင်ခင် တစ်ရက်အလိုလောက်တည်းက ဟိုတယ်မှာ အရက်သောက်ခဲ့သည်ဟု ဝန်ခံခဲ့ပါသည်။JALဘက်မှ တခြားလေယာဉ်မှူးကို အစားထိုးခဲ့ပေမဲ့ ထိုလေကြောင်းခရီးစဉ်အပြင် တိုကျိုကို သွားမည့် နောက်ထပ်ခရီးစဉ်နှစ်ခုပါ နောက်ကျခဲ့ပြီး စုစုပေါင်း ခရီးသည် ၆၃၀ လောက်ဟာ မလိုလားအပ်ဘဲ ကြန့်ကြာကာ အချိန်ကုန်ခဲ့ရပါသည်။ထိုဖြစ်စဉ်ကြောင့် ဂျပန်နိုင်ငံရဲ့ မြေယာ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက စက်တင်ဘာ ၃ ရက်၊ ယမန်နေ့တွင် JAL လေကြောင်းရုံးချုပ်ကို သွားရောက်စစ်ဆေးခဲ့ပါသည်။လေကြောင်းလိုင်း ဝန်ထမ်းတွေကြားမှာ မူးယစ်သောက်စားမှုနဲ့ပတ်သက်တဲ့ ပြဿနာတွေ ရှိနေလို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတုန်းက လုပ်ငန်းတိုးတက်ဆောင်ရွက်ကြဖို့ ဖိအားပေးခံရပြီးနောက်ပိုင်း ယခုလိုဖြစ်စဉ် ထပ်မံ ဖြစ်ပွားခဲ့တာဖြစ်ပါသည်။


