တရုတ်-မြန်မာ နယ်စပ်ရှိ မူဆယ်မြို့မှတဆင့် တရုတ်အငှားမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူ အမျိုးသမီး (၄) ဦးကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သတင်းသိရသည်။ပြီးခဲ့သည့် ဩဂုတ်လ (၂၉) ရက်တွင် မူဆယ်မြို့နေ အေးမြတ်မွန်၊ အေးအိမွန်နှင့် မန္တလေးမြို့မှ ပွဲစား ဒေါ်သန်းအေး (ခ) ပီရင်း တို့ကို အမျိုးသမီးများအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းကြောင့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ဥပဒေ ပုဒ်မ ၃၅/၄၄ အရ အောင်မြေသာဇံ ခရိုင်တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း ယနေ့ (စက်တင်ဘာလ ၂ ရက်) တွင် သတင်းထုတ်ပြန်သည်။



