နမ္မတူမှာ ယာဥ်တိုက်မှုဖြစ်ပြီး ဆိုင်ကယ်သမား ၂ ဦး သေဆုံး

Sep 03 • 4:04 PM

breaking-news

မြန်မာ

ရှမ်း

cover

နမ္မတူမှာ ယာဥ်တိုက်မှုဖြစ်ပြီး ဆိုင်ကယ်သမား ၂ ဦး သေဆုံး

မနေ့ စက်တင်ဘာ ၂ ရက် နေ့လည် ၃ နာရီဝန်းကျင်က မန်တုံကနေ နမ္မတူကို လာတဲ့ ကားတစ်စီးနဲ့ နမ္မတူကနေ လာတဲ့ ဆိုင်ကယ်တစ်စီး တိုက်မိပြီး ဆိုင်ကယ်စီးလာတဲ့ အသက် ၂၁ အရွယ် အမျိ...

မနေ့ စက်တင်ဘာ ၂ ရက် နေ့လည် ၃ နာရီဝန်းကျင်က မန်တုံကနေ နမ္မတူကို လာတဲ့ ကားတစ်စီးနဲ့ နမ္မတူကနေ လာတဲ့ ဆိုင်ကယ်တစ်စီး တိုက်မိပြီး ဆိုင်ကယ်စီးလာတဲ့ အသက် ၂၁ အရွယ် အမျိုးသား ၁ ဦး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ နောက်တစ်ဦးကတော့ နမ္မတူဆေးရုံမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးကပြောပါတယ်။သေဆုံးသွားတဲ့ အဲဒီအမျိုးသား ၂ ဦးဟာ နမ္မတူမြို့နယ် ဟူးဆာကျေးရွာမှာ နေထိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။




news-view-count-icon

6