တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားမှ ကုန်ပစ္စည်းသယ်ယူခွင့်ကို ယနေ့မှစပြီး ပိတ်ထား

Sep 03 • 1:57 PM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားမှ ကုန်ပစ္စည်းသယ်ယူခွင့်ကို ယနေ့မှစပြီး ပိတ်ထား

ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချီလိတ်မြို့ ၊ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ်(၁)တံတားမှ ကုန်ပစ္စည်းသယ်ယူခွင့်ကို (9)လပိုင်း (3)ရက်နေ့ ယနေ့မနက်ပိုင်းမှစ၍ ပိတ်ပင်ထားကြေ...

ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချီလိတ်မြို့ ၊ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ်(၁)တံတားမှ ကုန်ပစ္စည်းသယ်ယူခွင့်ကို (9)လပိုင်း (3)ရက်နေ့ ယနေ့မနက်ပိုင်းမှစ၍ ပိတ်ပင်ထားကြောင်း ယင်းလမ်းကြောင်းမှကူးသန်းရောင်းဝယ်လုပ်နေသူတွေထံကသိရပါသည်။တာချီလိတ်-မယ်ဆိုင် တံတားမှ စားသောက်ကုန်မှ လွဲပြီး တခြား ကုန်ပစ္စည်းတွေကို သယ်ယူခွင့်ကိုအထက်က အမိန့်အရပိတ်ထားရတာဖြစ်ပြီး ဘယ်နေ့ဘယ်ရက် ပြန်ဖွင့်မယ်ဆိုတာကို သူတို့လဲ အတိအကျမသိသေးဘူးလို့ ကုန်သွယ်ရေးနဲ့ နီးစပ်သူတွေကဆိုပါတယ်။




news-view-count-icon

6