Cardi B ကို $24 သန်း (ပေါင် ၁၈ သန်း) နဲ့ တရားစွဲဆိုခဲ့တဲ့ လုံခြုံရေးအစောင့် Emani Ellis ရဲ့ တရားစွဲဆိုမှုကနေ လော့စ်အိန်ဂျယ်လိစ်က တရားရုံးကနေ Cardi B ကို အနိုင်ပေးလိုက်ပါတယ်။
၂၀၁၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်မှာ Cardi B ဟာ ကိုယ်ဝန် ၄ လ ရှိနေတဲ့အချိန် သူမရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို ထိခိုက်စေတဲ့အတွက် Ms. Ellis နဲ့ စကားများခဲ့ပြီး၊ လက်သည်းနဲ့ ကုတ်ခြစ်ကာ တံတွေးထွေးတယ်လို့ Ms. Ellis က စွပ်စွဲခဲ့ပါတယ်။ တရားရုံးမှာ Cardi B ရဲ့ တရားလိုရှေ့နေက အဲ့ဒီအချိန်မှာ ကိုယ်ဝန်သတင်းကို မထုတ်ဖော်ရသေးတာကြောင့် စိုးရိမ်စိတ်နဲ့ ကာကွယ်ခဲ့တာဖြစ်ကြောင်း၊ နောက်ပြီး ဆရာဝန်ရဲ့ ဧည့်ကြိုအမျိုးသမီးကလည်း Ms. Ellis ဟာ ထိုနေရာကို ကျူးကျော်ဝင်ရောက်သူဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။ ဒီအမှုမှာ Cardi B ကို အပြစ်မရှိကြောင်း ဂျူရီအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။