အောက်တိုဘာ ၄ ရက်နေ့မှာ One Fight Night 36 ပြိုင်ပွဲတွင်ပြန်လည်ထိုးသတ်မယ့် ကချင်ဖိုက်တာအောင်လအန်ဆန်း

Sep 03 • 8:38 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အောက်တိုဘာ ၄ ရက်နေ့မှာ One Fight Night 36 ပြိုင်ပွဲတွင်ပြန်လည်ထိုးသတ်မယ့် ကချင်ဖိုက်တာအောင်လအန်ဆန်း

ကချင်သား၊ မြန်မာဖိုက်တာကြီး အောင်လအန်ဆန်းကတော့ လာမယ့် ၂၀၂၅ ခုနှစ်၊ ထိုင်းစံ တော်ချိန် အောက်တိုဘာ ၃ ရက်ညပိုင်း၊ မြန် မာစံတော်ချိန် အောက်တိုဘာ ၄ ရက်နေ့မနက်ပိုင်းမ...

ကချင်သား၊ မြန်မာဖိုက်တာကြီး အောင်လအန်ဆန်းကတော့ လာမယ့် ၂၀၂၅ ခုနှစ်၊ ထိုင်းစံ တော်ချိန် အောက်တိုဘာ ၃ ရက်ညပိုင်း၊ မြန် မာစံတော်ချိန် အောက်တိုဘာ ၄ ရက်နေ့မနက်ပိုင်းမှာ ပွဲပြန်လည်ထိုး သတ်တော့မှာဖြစ်ပါတယ်။ကချင်သားကြီး အောင်လအန်ဆန်းကဟာ One Fight Night 36 ပြိုင်ပွဲမှာ အသက် ၃၄ နှစ်အ ရွယ် ဆွီဒင်နိုင်ငံ သား Zebaztian Kadestam နဲ့ ထိုးသတ်သွားကြမှာဖြစ်ပါတယ်။One Fight Night 36 ပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန် ကောက်မြို့ရှိ Lumpinee ကွင်းကြီးထဲမှာကျင်း ပသွားမှာဖြစ်ပါ တယ်။ပြိုင်ဘက် Zebaztian Kadestam ဟာ One Championship Welterweight ရဲ့ ကမ္ဘာ့ချန်ပီ ယံဟောင်းတစ်ဦးဖြစ်ပြီး One မှာ ၁၁ ပွဲထိုး ၇ ပွဲနိုင်၊ ၄ ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားပါတယ်။ သူ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ၃ ပွဲစလုံးကို အလဲထိုးတွေနဲ့ ပွဲသိမ်းခဲ့တာဖြစ်ပါတယ်။ကချင်သားကြီးကတော့ လက်ရှိမှာ အသက် ၄၀ ရှိပြီဖြစ်ကာ One Championship ရဲ့ Middle Weight နဲ့ Light Heavy Weight ချန်ပီယံဟောင်းကြီးလည်း ဖြစ်ပါတယ်။




news-view-count-icon

14