မကွေးတိုင်းကံမ၊ အင်းမနှင့် ပဲခူးတိုင်း ပြည်မြို့များတွင် ရေကြီးမှုနဲ့ တောင် ပြိုကျမှုများဖြစ်

Sep 02 • 2:57 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်းကံမ၊ အင်းမနှင့် ပဲခူးတိုင်း ပြည်မြို့များတွင် ရေကြီးမှုနဲ့ တောင် ပြိုကျမှုများဖြစ်

မကွေးတိုင်း၊ ကံမမြို့နဲ့ ပဲခူးတိုင်း ပြည်မြို့နဲ့ အင်းမမြို့မှာ မနေ့ ဩဂုတ် ၃၁ ရက်၊ ညနေပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ရေက...

မကွေးတိုင်း၊ ကံမမြို့နဲ့ ပဲခူးတိုင်း ပြည်မြို့နဲ့ အင်းမမြို့မှာ မနေ့ ဩဂုတ် ၃၁ ရက်၊ ညနေပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ရေကြီးမှု၊ တောင်ကမ်းပါးယံ ပြိုကျမှုအပြင် သစ်ပင်တွေနဲ့ ဓာတ်တိုင် လဲကျမှုတွေလည်း ဖြစ်ပေါ်ခဲ့သည်ဟု လူမှုကူညီရေး အသင်းများမှ တာဝန်ရှိသူများက ပြောကြားသည်။ပြည်မြို့တွင် မနေ့ ညနေ ၄ နာရီဝန်းကျင်ကစပြီး မိုးကြီး၊ လေပြင်းတိုက်မှုကြောင့် အဆိုပါမြို့အဝင် PT Power ဆီဆိုင်အနီး လမ်းတလျှောက် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ပြီး ကားနဲ့ ဆိုင်ကယ်တွေ ဖြတ်သန်းမရအောင်အထိ ဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါသည်။အင်းမမြို့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့လယ်မှာ ကားလမ်းရေကျော်နေပြီး အောက်ပိုင်းနိမ့်တဲ့ကားတွေ ဖြတ်သန်းသွားလာလို့မရ ဖြစ်နေပါသည်။အလားတူ ကံမမြို့နယ်တွင်လည်း မိုးရွာသွန်းမှုကြောင့် ပုညိုရွာနဲ့ သံပုရာရွာလမ်းပေါ် ရေကျော်တာ၊ သစ်ပင်တွေနဲ့ ဓာတ်တိုင်တွေ လဲကျတာ၊ နေအိမ်တွေအတွင်း ရေဝင်ရောက်တာတွေ ဖြစ်ပေါ်လျက်ရှိသလို ကွမ်းစိုက်ခင်းတွေလည်း ရေနစ်မြုပ်နေတယ်ဟုလည်း ၎င်းမှ ထပ်မံပြောကြားသည်။

news-view-count-icon

19