မြန်မာနိုင်ငံတွင် ကျောင်းချိန်နှင့်ကျောင်းချိန်ပြင်ပ ခိုက်ရန်တွင် ပါဝင်သူများအား ကျောင်းပြောင်းအရေးယူမည်

Sep 01 • 4:24 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံတွင် ကျောင်းချိန်နှင့်ကျောင်းချိန်ပြင်ပ ခိုက်ရန်တွင် ပါဝင်သူများအား ကျောင်းပြောင်းအရေးယူမည်

ကျောင်းချိန် ဒါမှမဟုတ် ကျောင်းချိန်ပြင်ပမှာ ခိုက်ရန် ဖြစ်ပွားပါက ပါဝင်သူ အားလုံးကို ကျောင်းပြောင်းလက်မှတ် ထုတ် ပေးတဲ့ ပြစ်ဒဏ်ချမှတ်သွားမယ်လို့ ပညာရေးဝန်ကြီးဌာနက...


ကျောင်းချိန် ဒါမှမဟုတ် ကျောင်းချိန်ပြင်ပမှာ ခိုက်ရန် ဖြစ်ပွားပါက ပါဝင်သူ အားလုံးကို ကျောင်းပြောင်းလက်မှတ် ထုတ် ပေးတဲ့ ပြစ်ဒဏ်ချမှတ်သွားမယ်လို့ ပညာရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားထားပါတယ်။အခုလို ဖြစ်စဉ်တွေ များပြားလာတဲ့အတွက် ကျောင်းတွင်းပညာပေး ဆွေးနွေးပွဲတွေ ဆောင်ရွက်သွားဖို့ နဲ့ ကျောင်းချိန် ဒါ မှမဟုတ် ကျောင်းချိန် ပြင်ပခိုက်ရန် ဖြစ်ပွားတာတွေ ဖြစ်ပေါ်လာရင် ကျောင်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့နဲ့ စစ်ဆေး ပြီး ခိုက်ရန်ဖြစ်ပွားတဲ့ ပြစ်မှုမှာ ပါဝင်သူအားလုံးကို ကျောင်းပြောင်းလက်မှတ်ထုတ်ပေးတဲ့ ပြစ်ဒဏ်ချမှတ်သွားဖို့ ညွှန် ကြားထားတာ ဖြစ်တယ်လို့ ဖြေကြားချက်အရ သိရပါတယ်။အဲဒါကြောင့် အခြေခံပညာကျောင်းအုပ်ကြီးတွေက ကျောင်းသား၊ ကျောင်းသူတွေ နဲ့ မိဘတွေကို အသိပေးဆောင်ရွက် သွာဖို့ တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးရုံးတွေကို ညွှန်ကြားထားပြီး ဖြစ်တယ်လို့လည်း ဖြေကြားချက်မှာ ဖော်ပြ ထားပါတယ်။


news-view-count-icon

98