ကားမှန်ရိုက်ခွဲကာ ကားအတွင်းမှ ရွှေနှင့်စိန်ထည်များယူဆောင်မှု မိတ္ထီလာဖောင်တော်ဦးဘုရားပွဲ၌ဖြစ်ပွား

Sep 01 • 1:07 PM

breaking-news

မြန်မာ

မန္တလေး

cover

ကားမှန်ရိုက်ခွဲကာ ကားအတွင်းမှ ရွှေနှင့်စိန်ထည်များယူဆောင်မှု မိတ္ထီလာဖောင်တော်ဦးဘုရားပွဲ၌ဖြစ်ပွား

မိတ္ထီလာဖောင်တော်ဦးဘုရားပွဲတွင် ဘုရားပွဲသို့လာရောက်သည့်ကားတစ်စီးကို မှန်ရိုက်ခွဲပြီးကားအတွင်းမှ ရွှေနှင့်စိန်ထည်များ ယူဆောင်သွားသောဖြစ်ရပ်တစ်ခု ဩဂုတ် ၃၁ ရက် ညပ...

မိတ္ထီလာဖောင်တော်ဦးဘုရားပွဲတွင် ဘုရားပွဲသို့လာရောက်သည့်ကားတစ်စီးကို မှန်ရိုက်ခွဲပြီးကားအတွင်းမှ ရွှေနှင့်စိန်ထည်များ ယူဆောင်သွားသောဖြစ်ရပ်တစ်ခု ဩဂုတ် ၃၁ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါဘုရားပွဲသို့လာရောက်သော suzuki ertiga အမျိုးအစား အဖြူရောင်ကားတစ်စီးမှာ မိတ္ထီလာမြို့၊ စျေးကြီးအနောက်ဘက်၊ ဝင်းမာလာအထည်ဆိုင်မြောက်ဘက်လမ်းကြားနားတွင် ဩဂုတ် ၃၁ ရက် ညပိုင်းက ကားကိုရပ်ထားခဲ့ပြီး ဘုရားပွဲသို့ကလေးများအားလိုက်ပို့ရာတွင် ပြန်ရောက်လာသည့်အခါ ကား၏ညာဘက်မှန်ကို ရိုက်ခွဲ၍ကားအတွင်း ပိုက်ဆံအိတ်မှ ရွှေနှင့်စိန်ထည်များ၊ ဖုန်း၊ ဘဏ်ကတ်၊ ပိုက်ဆံများကို ယူဆောင်သွားကြောင်း ဆိုထားကြသည်။ထိုဖြစ်ရပ်ကြောင့် ရွှေထည်စိန်ထည်ပစ္စည်းများအပါအဝင် စုစုပေါင်း ကျပ်သိန်း ၄၀၀ ကျော်တန်ဖိုး ဆုံးရှုံးသွားပြီး ပိုင်ရှင်ဖြစ်သူမှ အမှတ် ၂ နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားကြောင်း ကနဦးသိရှိရသည်။



news-view-count-icon

5