မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှထုတ်ပြန်လိုက်သော သတိပေးကြေညာချက်

Sep 01 • 9:50 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှထုတ်ပြန်လိုက်သော သတိပေးကြေညာချက်

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှထုတ်ပြန်လိုက်သော သတိပေးကြေညာချက်(၁၀)ချက်ထုတ်ပြန်ထားပါသည်။၁- စားသောက်ဆိုင်တွေမှာ အသုံးပြုနေတဲ့ ဖေါ့ဘူးတွေဟာလည်း စတိုင်းရင်း...


မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှထုတ်ပြန်လိုက်သော သတိပေးကြေညာချက်(၁၀)ချက်ထုတ်ပြန်ထားပါသည်။

၁- စားသောက်ဆိုင်တွေမှာ အသုံးပြုနေတဲ့ ဖေါ့ဘူးတွေဟာလည်း စတိုင်းရင်း

(styrene)ဓါတ်ပါတဲ့ 2B ပလပ်စတစ်အုပ်စုဝင်တွေဖြစ်လို့ ဖေါ့ဘူးတွေ

တစ်ခါသုံးပလပ်စတစ်တွေ လုံးဝ အသုံးမပြုကြရန်။


၂-ကြက်သားမှုန့်တွင်လည်း အချိုမှုန့်နှင့် တာရှည်ခံမှိုသတ်ဆေးများ ဓာတုပစ္စည်းများပါဝင်သဖြင့် အချိုမှုန့်ထက်ပင်

ပိုမိုဆိုးရွာစေပါသည်။


၃- ဆာဖျူရစ်အက်ဆစ်ပြင်း H2SO4 ရောစပ်ထားတဲ့ အချဉ်ရည်လို့ခေါ်တဲ့ အဆိပ်ရည်တွေပါပဲ ဆာလ်ဖျူရစ်အက်ဆစ်က နည်းနည်းလေးထည့်ရုံနဲ့အချဉ်ရည်အရသာကိုဖြစ်ပေါ်စေပြီး ဘက်ထရီအိုးမှာသုံးတဲ့ အက်ဆစ်ပါ။ထို့ကြောင့် အသုပ်ဆိုင် အကြော်ဆိုင် အကင်ဆိုင် တုတ်ထိုးဆိုင်တွေမှာသုံးစွဲနေသော တားမြစ်ဆိုးဆေး နီနီရဲရဲတွေကိုရှောင်ကြဉ်သင့်ပါတယ်။


၄-ခြင်ဆေးခွေတစ်ခွေ၏ အဆိပ်ဓာတ်သည် စီးကရက်အလိပ်ပေါင်း(၅၁)လိပ် ဖွာရှိုက်သည်နှင့်ညီမျှသည်။ခြင်ဆေးခွေတစ်ခွေမှ ထွက်လာသည့် အဆိပ်ဓာတ်သည် စီးကရက်အလိပ်ပေါင်း(၁၃၇)လိပ်မှ ထွက်ရှိသောအဆိပ်မှုန့်ပမာဏနှင့်ညီမျှ၍ ဝေးဝေးကရှောင်ကြဖို့ အမွှေးတိုင်များသည်လည်းခြင်ဆေးခွေကဲ့သို့ပင် အန္တယ်ရာယ်ရှိ၍ လုံးဝ မသုံးအပ်ပေ။


၅- အချိုရည်ဗူးများတွင် တားမြစ်ဆိုးဆေး တာရှည်ခံဆေး သကြားထက်အဆ ၂၀၀ ပိုမိုချိုစေသော ပါဝါသကြားနှင့်ကာဗွန်ဒိုင်အောက်ဆိုဒ်ကဖိန်းဓါတ်

များပါဝင်၍ ခံတွင်းကင်ဆာ ကျောက်ကပ်ရောဂါဆီးချိုရောဂါနှင့်အဝလွန်ရောဂါ အသည်းကင်ဆာရောဂါတို့ကိုဖြစ်ပွားစေသည်။

ထို့အတူဂျယ်ရီဗူးများတွင် လည်း တရုတ်မှလာသောဂျယ်ရီပေါင်ဒါ ဆီထရစ်အက်ဆစ် Sodium Benzorate ခေါ်တာရှည်ခံဆေးပါဝင်၍ ကင်ဆာရောဂါများကိုဖြစ်ပွားသဖြင့် ကလေးများကို လုံးဝမကျွေးသင့် မရောင်းသင့်ပါ။


၆- မယ်လမင်း(ဖိုက်ဘာ)ပစ္စည်းများသည် အပူနှင့်ထိတွေ့လျှင် ဓါတ်ပြု၍ ကျောက်ကပ်ပျက်စီးခြင်းနှင့်ကင်ဆာရောဂါများကိုဖြစ်ပွားစေသဖြင့် လုံးဝအသုံးမပြုသင့်ပါ။


၇- တရုတ်နှို့မှုန့်နှင့်၎င်းနှင့်ပြုလုပ်သောမုန့်များသည် ခွေပေါက်စများ ကြောင်ပေါက်စများ တိုက်ကျွေးရာ အကြောဆွဲ၍ ၁၈ ကောင်ထက်မနည်းသေဆုံးကုန်ကြောင်းတွေ့ရှိရပါသည်။ထို့ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့်

တင်သွင်းသော နှို့မှုန့်များနှင့်၎င်းတို့ဖြင့် ပြုလုပ်သော မုန့်ပဲ သရေစာများကိုကလေးများအား လုံးဝ မတိုက်ကျွေးသင့်ပေ။


၈-ကော်ဖီမစ်များတွင် နှို့ဆီနှင့်နှို့မှုန့်အစားအသုံးပြုသော Creamer မှာ မလေးရှားတွင်စားအုံးဆီကို အဆီထုတ်ပြီးကျန်သောကြိတ်ဖက်များကိုတရုတ်နိုင်ငံမှဝယ်ယူ၍ မှုန့်နေအောင်ကြိတ်ပြီး

Creamer အဖြစ် ပြန်လည်ရောင်းချကြောင်းသိရှိရသည်။ထိုကြိတ်ဖက်မှုန့်များသည် သွေးတိုးရောဂါ နှလုံးသွေးကြောပိတ်ရောဂါ လေဖြတ်ရောဂါ နှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသည်။


၉- အချို့သော အသီအနှံများတွင် လူသေကောင်မပုပ်အောင် ပြုလုပ်သည့် ဖေါ်မလင်းနှင့်အသုံးပြုထားသည့် အတွက် ရှောင်ကြဉ်သင့်ပေသည်။

၁၀-လမ်းဘေးလ္ဘက်ရည်ဆိုင်နှင့်စားဖွယ်စုံဆိုင်ကြီးများကို စစ်ဆေးရာတွင် ၁၀ ဆိုင်ကိုစစ်ဆေးရာတွင်၁၀ ဆိုင်စလုံး အင်ဂျင်ဝိုင် အဟောင်းလို ညိုမဲနေသော ပြန်ကြော်ဆီများဖြင့် စမူဆာ အီကြာကွေးများကို ကြော်နေသဖြင့် ၎င်းတို့ကိုစားသုံးပါက ပန်ကရိယကင်ဆာ အသံကင်ဆာအစာအိမ်လမ်းကြောင်းကင်ဆာ အူမကြီးကင်ဆာအမျိုးမျိုးကို ဖြစ်ပွားစေသည်တို့ဖြစ်ပါသည်။

news-view-count-icon

13