ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် ယမန်နေ့ ဩဂုတ် ၃၁ ရက်က ကျင်းပခဲ့သည့် နိုင်ငံပေါင်းစုံမှ အပြေးသမားပေါင်း ၃၅,၀၀၀ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ထိုပွဲတွင် မင်းသားကြီး ဦးကျော်သူရဲ့ သမီးဖြစ်သူ၊ မမြင်းမိုရ်ဦးက မြန်မာဝတ်စုံရင်ဖုံးအင်္ကျီ၊ ထဘီနဲ့ ပဝါခြုံကာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပါသည်။
ဂင်းနစ်စံချိန်မှတ်တမ်းတွင်လည်း အမြန်ဆုံး မာရသွန်ပြေးသူ၊ မြင်းမိုရ်ဦး ၄:၁၂:၁၉ လို့ မှတ်တမ်းတင်ထားပါသည်။ယခုလို ဝင်ပြိုင်ရခြင်းသည် မြန်မာနိုင်ငံအကြောင်း ကမ္ဘာက သိစေဖို့ ရည်ရွယ်တာလို့ မမြင်းမိုရ်ဦးက ပြောပါသည်။၄၂ ဒသမ ၂ ကီလိုမီတာ (၂၆ မိုင်) ကို ပြေးရပြီး ၄ နာရီ ၁၂ မိနစ်တွင် ပန်းဝင်နိုင်ခဲ့တယ်လို့လည်း ၎င်းက ပြောကြားပါသည်။ထို့အပြင် ယခုလို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ပြိုင်ပွဲဝတ်မည့် ဝတ်စုံကို ဓာတ်ပုံနဲ့ ကြိုသတင်းပို့ရပြီး ပြေးသည့်ဖိနပ်မှာတော့ ရှူးဖိနပ်သာ ဝတ်ရကြောင်း သူမမှ ထပ်မံပြောကြားသည်။ထိုပွဲကို ဩစတြေးလျ အလုပ်အကိုင်နှင့် ခရီးသွားရေးဝန်ကြီး ကိုယ်တိုင် တက်ရောက်အားပေးခဲ့ပြီး ပြိုင်ပွဲမှာ ပန်းတိုင်ရောက်အောင်ပြေးပြီးသူတွေကို Six Star Medal ဆုတွေ ချီးမြှင့်ခံပါသည်။