မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ ကျောက်စိမ်းဘုရားအနီးမှ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ယနေ့ စက်တင်ဘာ ၁ ရက်နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က ဆီဘောက်ဆာကားမှဝင်တိုက်မိပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များမှ ပြောကြားသည်။မီးငြှိမ်းပြီးနောက် ပျက်စီးဆုံးရှုံးမှုများအား တာဝန်ရှိသူများကဝင်ရောက်စစ်ဆေးရှင်းလင်းစဥ် မီးလောင် သေဆုံးနေသည့် ရုပ်အလောင်း(၃)ခုအား ရှာဖွေတွေ့ရှိခဲ့ရသဖြင့် လူမှုကူညီရေးအသင်းဝင်များက မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း ထုတ်ပြန်ထားပါသည်။ထို့အပြင် နောက်ထပ် သေဆုံးသူနှင့် ဒဏ်ရာရသူ ရှိ/မဪှိ ဆက်လက်စစ်ဆေးနေကြောင်းလည်း ထုတ်ပြန်ထားသည်။
မန္တလေး အမရပူရ ကျောက်စိမ်းဘုရားအနီး လက်ဖက်ရည်ဆိုင်ကို ဆီဘောက်ဆာကားဝင်တိုက်၊ မီးလောင်သေဆုံးမှုများရှိ
Sep 01 • 8:05 AM
မြန်မာ
မန္တလေး
မျှဝေမည်
5 | 0 | 0 | 0 |