တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (က) ကျေးရွာအုပ်စု၊ ဝမ်နားရွာတွင် ရပ်ရွာအတွင်း ဆိုင်ကယ်လိုက်လံခိုးယူနေသူ ၂ဦးမှ ဩဂုတ်လ ၃၀ရက် ညပိုင်းတွင် ထိုင်းဘတ်ငွေတစ်ထောင်တန် အတုများဖြင့် ဈေးလာဝယ်ကြောင်း ဒေသခံများထံက သိရသည်။ငွေအတုဖြင့် ဈေးလာဝယ်သူမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဝမ်ပုံမှဆရာဝန်၏ဆိုင်ကယ်ကို ခိုးယူမှုဖြင့် ရဲများဖမ်းပြီးမှ ပြန်လွှတ်ပေးခဲ့သူဖြစ်ကြောင်း၊ ဩဂုတ်လ ၂၈ရက်ကလည်း ကျေးရွာအတွင်းမှ ဆိုင်ကယ်တစ်စီးကို ခိုးယူခဲ့သေးကြောင်း၊ ယမန်နေ့ည ၈နာရီခန့်က ငွေအတုဖြင့် စျေးလိုက်ဝယ်နေရာ ရဲများပြန်ဖမ်းသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။တာချီလိတ်မြို့နယ်အတွင်း ထိုင်းဘတ်ငွေတစ်ထောင်တန်အတုများ ရံဖန်ရံခါ ဖမ်းဆီးရမိလေ့ရှိပြီး ယခုအသုံးပြုသည့် ငွေစက္ကူအတုမှာ အတုဟု လွန်စွာသိသာကြောင်း နီးစပ်သူများကပြောသည်။
တာချိလိတ်မြို့တွင်ရဲမိပြီး ပြန်လွှတ်ပေးသည့် ဆိုင်ကယ်ခိုးသူ ၂ဦး ထိုင်းဘတ်ငွေတစ်ထောင်တန်အတုများဖြင့် ဈေးလာဝယ်
Aug 31 • 2:22 PM
မြန်မာ
ရှမ်း
မျှဝေမည်
8 | 0 | 0 | 0 |