မန္တလေးမြို့၊ ချိတ်မလိုင်ပေါက်စီဆိုင် ဂိုထောင်ဖေါက်ထွင်းခံရတဲ့ CCTVမှတ်တမ်းဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။အဆိုပါ ဖေါက်ထွင်းခံရမှုဟာ ယမန်နေ့ ဩဂုတ်လ ၃၁ရက်နေ့ညက ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုင်ရှင်အမျိုးသမီးကတော့ တံခါးတွေ အဆင့်ဆင့်ပိတ်ထားတာကို အတွင်းထဲထိ ဝင်ခိုးသွားတာဖြစ်တယ်လို့ ချိတ်မလိုင်ပေါက်စီဆိုင်ရဲ့ page မှာ ရေးသားထားကာ CCTV မှတ်တမ်းကိုလည်း တင်ထားခဲ့ပါတယ်။အဆိုပါ CCTV မှတ်တမ်းအရ ဖောက်ထွင်းခံရတဲ့ နေရာဟာ ဆိုင်ဝန်ထမ်း အမျိုးသမီးများ အိပ်ရာ နေရာဖြစ်ပြီး ဖောက်ထွင်းခိုးယူသူဟာ လက်ထဲမှာ ဓါးကို ကိုင်ဆောင်ထားကာ ဖုန်းတွေကိုယူဆောင်ပြီးနောက်ပိုင်းမှာလည်း လိင်မဖွယ်မယာလုပ်ပြီး အာသာဖြေနေတာကိုပါ တွေ့ရပါတယ်။ဆိုင်ရှင်အမျိုးသမီးကတော့ အဆိုပါဖြစ်စဉ်နဲ့ ပတ်သတ်ပြီး သူ့ရဲ့ ဆိုင် pageမှာ အခုလို ရေးသားထားပါတယ်။”မန္တလေးမြို့ကြီးက အရမ်းကြောက်ဖို့ကောင်းနေပါပြီ။သမီးပျို မိန်းကလေးတွေရှိတဲ့အိမ်တွေ အထူးဂရုစိုက်ကြပါ ။ ဘဝမှာ အဲ့လိုကောင်မျ်ိုးတစ်ခါမှ မမြင်ဘူး မကြားဘူးတော့ တော်တော်ကိုအံ့ဩမိတယ်။သူခိုးတွေတအားကိုသောင်းကျန်းနေပြီ။ တဏှာရူးကောင်ရဲ့ ရွံစရာကောင်းတဲ့လုပ်ရပ်ကြီးတစ်ခါမှမကြုံဖူးတော့ အားလုံးသိအောင် shareပေးတာပါ။ဆိုင်က ကျမ ကလေးလေး တွေကို ဘာမှ တို့ ထိမသွားလို့ တော်ပါသေးတယ်။မိန်းကလေးရှိတဲ့ အိမ်တွေ အထူးဂရုစိုက်ကြပါနော်" ဟု ရေးသားဖော်ပြထားကြောင်း သိရပါသည်။
မန္တလေးမြို့၊ ချိတ်မလိုင်ပေါက်စီဆိုင် ဂိုထောင် ဖေါက်ထွင်းခံရတဲ့အပြင် လိင်မဖွယ်မရာပါပြုလုပ်တဲ့ CCTVမှတ်တမ်း လူမှုကွန်ယက်မှာပျံ့နှံ့
Aug 31 • 1:58 PM
မြန်မာ
မန္တလေး
မျှဝေမည်
11 | 0 | 0 | 0 |