ရန်ကုန်တိုင်း၌၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်)ဓာတ်အားခွဲရုံတည်ဆောက်မှု (၈၅)ရာခိုင်နှုန်းပြီးစီးနေ

Aug 31 • 6:30 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်တိုင်း၌၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်)ဓာတ်အားခွဲရုံတည်ဆောက်မှု (၈၅)ရာခိုင်နှုန်းပြီးစီးနေ

ရန်ကုန်တိုင်း၌ဖော်ဆောင်လျက်ရှိသည့် ၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်)ဓာတ်အားခွဲရုံတည်ဆောက်ရေးစီမံကိန်းမှာ လက်ရှိအချိန်၌ (၈၅)ရာခိုင်နှုန်းပြီးစီးပြီဖြစ်...

ရန်ကုန်တိုင်း၌ဖော်ဆောင်လျက်ရှိသည့် ၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်)ဓာတ်အားခွဲရုံတည်ဆောက်ရေးစီမံကိန်းမှာ လက်ရှိအချိန်၌ (၈၅)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ရာ လျှပ်စစ်စွမ်းအားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းမှ သြဂုတ် ၃၀ ရက်က ကြည့်ရှုစစ်ဆေးခဲ့သလိုစီမံကိန်းလုပ်ငန်းခွင်အတွင်း Control Building တည်ဆောက်နေမှု၊ ထရန်စဖော်မာများနှင့် Shunt Reactor တပ်ဆင်ပြီးစီးမှု၊ Hybrid Gas Insulated Switchgear (HGIS)တပ်ဆင်ပြီးစီးမှု၊ 500 kV Switch Bay နှင့် 230 kV Switch Bay တည်ဆောက်ပြီးစီးမှု၊ ဓာတ်အားခွဲရုံအဝင်လမ်း ဖောက်လုပ်နေပါတယ်။ စီမံကိန်းလျာထားချက်အတိုင်းလုပ်ငန်းများပြီးစီးနိုင်ရေးအတွက် လက်ကျန်လုပ်ငန်းနှင့် လက်ကျန်အချိန်ကိုချိန်ဆ၍ သတ်မှတ်ကာလအတွင်း ပြီးပြတ်စေရေးနဲ့လက်ရှိ အကောင်အထည်ဖော်တည်ဆောက်လျက်ရှိသည့် ၅၀၀ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္က သိုလ်)ဓာတ်အားခွဲရုံစီမံကိန်း၏ စီမံကိန်းတစ်ခုလုံးမှာ (၈၅)ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်ရာ စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါတယ် ။

news-view-count-icon

25