ဟားမတ်စ်စစ်ရေးခေါင်းဆောင် မိုဟာမက် ဆင်ဝါ၏ သေဆုံးမှုကို ဟားမတ်စ် အတည်ပြု

Aug 31 • 3:00 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဟားမတ်စ်စစ်ရေးခေါင်းဆောင် မိုဟာမက် ဆင်ဝါ၏ သေဆုံးမှုကို ဟားမတ်စ် အတည်ပြု

ဟားမတ်စ်စစ်ရေးခေါင်းဆောင် မိုဟာမက် ဆင်ဝါ (Mohammed Sinwar) သည် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုတွင် သေဆုံးသွားပြီဖြစ်ကြောင်း ဟားမတ်စ်အဖွဲ့က အတည်ပြုလိုက်သည်။...

ဟားမတ်စ်စစ်ရေးခေါင်းဆောင် မိုဟာမက် ဆင်ဝါ (Mohammed Sinwar) သည် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုတွင် သေဆုံးသွားပြီဖြစ်ကြောင်း ဟားမတ်စ်အဖွဲ့က အတည်ပြုလိုက်သည်။ အစ္စရေးက ၎င်းကို ပြီးခဲ့သည့် မေလကတည်းက သတ်ပစ်ခဲ့သည်ဟု ပြောကြားထားပြီး၊ ယခု ဟားမတ်စ်၏ အတည်ပြုချက်သည် လအတော်ကြာပြီးမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ မိုဟာမက် ဆင်ဝါသည် အစ္စရေးစစ်တပ်က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် သုတ်သင်ခဲ့သော ဟားမတ်စ်ခေါင်းဆောင်ဟောင်း ယာဟ်ယာ ဆင်ဝါ (Yahya Sinwar) ၏ ညီငယ်ဖြစ်ပြီး၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးအပေါ် တိုက်ခိုက်မှုများကို ပူးတွဲစီစဉ်ခဲ့သူလည်းဖြစ်သည်။ ဟားမတ်စ်အဖွဲ့က မိုဟာမက် ဆင်ဝါနှင့် အခြားသော အသက်ခံခဲ့ရသည့် ထိပ်တန်းအရာရှိများကို “အာဇာနည်များ” အဖြစ် ဖော်ပြခဲ့ပြီး၊ ၎င်းတို့၏ သေဆုံးမှုအသေးစိတ်ကိုမူ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

news-view-count-icon

16