ကျောင်းပညာရေးအတွက် အမေရိကန်နိုင်ငံကို ပြန်သွားခဲ့တဲ့ ကစားသမားမေထက်လူရဲ့ ခရီးစဉ်ကို မြန်မာ့လက်ရွေးစင် ကစားဖော်တွေက လေဆိပ်အထိ လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့တာကို မြန်မာအမျိုးသမီးလက်ရွေးစင်ကစားသမား နော်ထက်ထက်ဝေ က လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။မေထက်လူကို မြန်မာယူ-၂၀နည်းပြဟောင်း ဒေါ်သက်သက်ဝင်း၊ နော်ထက်ထက်ဝေ၊ ခင်မာလာထွန်း၊ မျိုးမြမြငြိမ်း၊ မြတ်နိုးခင်၊ ခင်မိုမိုထွန်းတို့က လေဆိပ်အထိ ပို့ဆောင်နှုတ်ဆက်ခဲ့ကြတာကို မြင်တွေ့ခဲ့သလို အခြား လက်ရွေးစင်ကစားဖော်တွေကလည်း လူမှုကွန်ရက်စာမျက်နှာတွေကနေ အသီးသီး နှုတ်ဆက်စကား ဆိုခဲ့ကြပါတယ်။ ကစားသမားမေထက်လူဟာ ကျောင်းကိစ္စကြောင့် ကာလတိုအငှားနဲ့ လာရောက်စားနေတဲ့ ISPE Woemn FC အသင်းရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကိုလည်း လွဲချော်မှာဖြစ်ပြီး ဆီးဂိမ်းအတွက်လည်း ကျောင်းနဲ့ ညှိနှိုင်းရဦးမယ်လို့ ပြောကြားထားပါတယ်။



