ပရိသတ်တွေ ရဲ့ အချစ်တော် ငယ်ဇင်စုံတွဲလေးဖြစ်တဲ့ သရုပ်ဆောင်ဟိန်းဝေယံနဲ့စိုးပြည့်တို့ဟာချစ်သူတွေဖြစ် ကြောင်း ယနေ့ ဩဂုတ်လ ၃၀ရက်နေ့က ပရိသတ်များရှေ့မှာ ဝန်ခံခဲ့တာဖြစ်ပါတယ် ။စိုးပြည့် က " စိုးပြည့်တို့ကအထိမ်းအမှတ်နေ့လေးကျမှပြောမယ်တွေးထားပေမယ့် ပရိသတ်တွေကိုလည်းပျော်စေချင်လို့ ဝန်ခံတာလည်းဖြစ်ကာ စိုးပြည့်နဲ့ကိုဟိန်းဝေယံရဲ့အပြုအမူလေးတွေကိုပရိသတ်တွေသိကြမှာပါ "လို့ပြောပါတယ် ။
သရုပ်ဆောင်ဟိန်းဝေယံကလည်း ကျန်တာတွေပြောစရာမရှိပါဘူး အဓိက က စိုးပြည့်လေးစိတ်ချမ်းသာရင်ကျေနပ်ပျော်ရွှင်ရပါတယ်လို့ ထပ်မံပြောခဲ့ပြီး ချစ်သူတွေဖြစ်ကြောင်းဝန်ခံခဲ့ပါတယ် ။



