သြဂုတ်လ၂၈ရက်နေ့ညပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊၂၇ရပ်ကွက်၊ပင်လုံအိမ်ရာ အပိုင်း၄မှာ အ မျိုးသားတစ်ဦးရဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။သေဆုံးသူဟာ အမည်နေရပ်လိပ်စာမသိရသေးပဲ ရေထဲမှာသေဆုံးနေတာကို တွေ့ရှိခဲ့ရတာကြောင့်ဆယ်ယူပြီး မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။



