မလေးရှားနိုင်ငံ၏ AI စီးပွားရေး လမ်းပြမြေပုံ

Aug 29 • 10:30 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှားနိုင်ငံ၏ AI စီးပွားရေး လမ်းပြမြေပုံ

မလေးရှားနိုင်ငံဟာ ၂၀၃၀ ပြည့်နှစ်မှာ ကမ္ဘာ့ထိပ်တန်း AI စီးပွားရေးနိုင်ငံ ၂၀ ထဲ ရောက်ရှိဖို့နဲ့ GDP မှာ ရင်းဂစ် ဘီလီယံ ၁၃၀ ကျော် တိုးတက်ဖို့ ရည်မှန်းချက် ချမှတ်လိ...

မလေးရှားနိုင်ငံဟာ ၂၀၃၀ ပြည့်နှစ်မှာ ကမ္ဘာ့ထိပ်တန်း AI စီးပွားရေးနိုင်ငံ ၂၀ ထဲ ရောက်ရှိဖို့နဲ့ GDP မှာ ရင်းဂစ် ဘီလီယံ ၁၃၀ ကျော် တိုးတက်ဖို့ ရည်မှန်းချက် ချမှတ်လိုက်ပါတယ်။ နိုင်ငံရဲ့ စီးပွားရေး အနာဂတ်အတွက် AI ကို မရှိမဖြစ် လိုအပ်တဲ့ နည်းပညာတစ်ခုအဖြစ် မှတ်ယူပြီး National Artificial Intelligence (AI) Roadmap ကို မိတ်ဆက်လိုက်ပါတယ်။

မလေးရှား သုတေသနအရှိန်မြှင့်တင်ရေးနှင့် နည်းပညာအသစ်ဖန်တီးမှုဌာန (MRANTI) က ဦးဆောင်ပြီး ပြည်တွင်းက AI ဖြေရှင်းချက်တွေကို ပိုမိုမြန်ဆန်စွာ အကောင်အထည်ဖော်ဖို့အတွက် “MRANTI AI Connect Accelerator” ကို စတင်ခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ ကော်ပိုရေးရှင်းတွေ၊ အစိုးရအဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပေးပြီး AI စွမ်းရည်တွေကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ဒီဖိုရမ်ကတစ်ဆင့် AI နယ်ပယ်မှာ ကျွမ်းကျင်သူ ၅၀ ကိုလည်း မွေးထုတ်ပေးဖို့ မျှော်မှန်းထားပါတယ်။

news-view-count-icon

3