မြန်မာနှင့် လာအိုနိုင်ငံတို့တွင် ကလေးသူငယ် ညစ်ညမ်းရုပ်ပုံများ ရိုက်ကူးသည်ဟု စွပ်စွဲခံရသည့် ဂျပန်နိုင်ငံသား ၂ ဦးကို ဖမ်းဆီး

Aug 29 • 8:19 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

မြန်မာနှင့် လာအိုနိုင်ငံတို့တွင် ကလေးသူငယ် ညစ်ညမ်းရုပ်ပုံများ ရိုက်ကူးသည်ဟု စွပ်စွဲခံရသည့် ဂျပန်နိုင်ငံသား ၂ ဦးကို ဖမ်းဆီး

မြန်မာနှင့် လာအိုနိုင်ငံတို့တွင် ကလေးသူငယ် ညစ်ညမ်းရုပ်ပုံများ ရိုက်ကူးသည်ဟု စွပ်စွဲခံရသည့် အိုဆာကာမြို့နေ သွားဘက်ဆိုင်ရာ ဆရာဝန်ဖြစ်သူ အသက် ၆၀ အရွယ် ယိုရှီဟီရို ...


မြန်မာနှင့် လာအိုနိုင်ငံတို့တွင် ကလေးသူငယ် ညစ်ညမ်းရုပ်ပုံများ ရိုက်ကူးသည်ဟု စွပ်စွဲခံရသည့် အိုဆာကာမြို့နေ သွားဘက်ဆိုင်ရာ ဆရာဝန်ဖြစ်သူ အသက် ၆၀ အရွယ် ယိုရှီဟီရို ရှိရိုင်နှင့် နာဂိုယာမြို့နေ အသက် ၆၅ နှစ်အရွယ် ကာဇူဟီကို အူဂျီ တို့၂ဦးကို သီးခြားစီ ဖမ်းဆီးခဲ့ကြောင်း ဂျပန်ရဲတပ်ဖွဲ့မှ ပြောကြားသည်။

သွားဆရာဝန် ရှိရိုင်သည် ပြီးခဲ့သည့် အောက်တိုဘာလတွင် အသက် ၁၈ နှစ်အောက် မြန်မာမိန်းကလေးတစ်ဦး၏ ညစ်ညမ်းပုံရိပ်ကို ရိုက်ကူးခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် ဖမ်းဆီးခံခဲ့ရရာ ထိုစွပ်စွဲချက်ကို ရှိရိုင်က ငြင်းဆိုထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အူဂျီကို မှာလည်း မတ်လတွင် လာအိုနိုင်ငံရှိ ဟိုတယ်တစ်ခုတွင် မိန်းကလေးတစ်ဦး၏ ညစ်ညမ်းပုံရိပ်ကို လျှို့ဝှက်ရိုက်ကူးခဲ့သည့် သံသယဖြင့် ဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့၏ မေးမြန်းမှုကို ၎င်းက တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေမဲ့ ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးသူများသည် ရှိရိုင်ထံမှ ညစ်ညမ်းဗီဒီယိုနှင့်ပုံများ ၁၀,၀၀၀ ကျော် တွေ့ရှိခဲ့ပြီး၊ အူဂျီထံမှမူ ၁,၀၀၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ထို့ပြင် ၎င်းတို့နှစ်ဦးသည် ပြည်ပတွင် ကလေးသူငယ် ပြည့်တန်ဆာလုပ်ငန်း များနှင့်ပတ်သက်သည့် အချက်အလက်များကို ဖလှယ်ခဲ့ကြသည်ကိုတွေ့ရှိခဲ့ရကြောင်းကိုလည်းရဲတပ်ဖွဲ့မှ ‌ပြောကြားထားသည်။

news-view-count-icon

4