ရှမ်းပြည်နယ်ရှိ တောင်ကြီး - လွိုင်လင်သွားလမ်း ၊ လွိုင်လင် ခေါင်းနွဲ့တောင်အဆင်းလမ်းတွင် ကျောက်တုံးကြီး ပိတ်မိနေ၍ ဩဂုတ်လ ၂၈ ရက် ညပိုင်း အချိန် ယာယီလမ်းပိတ်ထားကြောင်း သိရသလိုရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး - လွိုင်လင် သွားလမ်း၊ ခေါင်းနွဲ့တောင် အဆင်းလမ်းတွင် မြေပြိုပြီး ကျောက်တုံးကြီး ခံနေ၍ မော်တော်ယာဉ် သွားလာခြင်းကို ယာယီပိတ်ထားရကာ
တောင်ကြီး - လွိုင်လင် သွားလမ်း ပိတ်ထားသဖြင့် မော်တော်ယာဉ် ၊ ယာဉ်ငယ်လိုင်းများ ကျောက်တန်း - ပင်လုံ လမ်းအတိုင်း မောင်းနှင်မည် ဆိုလျှင် လမ်းခရီး ဂရုစိုက် မောင်းနှင်ရန် လိုအပ်ကြောင်း ၎င်းက သတိပေးထားသည်။အဆိုပါ တောင်ကြီး - လွိုင်လင် လမ်းသည် မကြာခဏ တောင်ပြိုမှုများ ဖြစ်ပွားလေ့ ရှိကာ ၊ အဆင်းအတက် အကွေ့အကောက် များပြီးတောင်ကြားလမ်းကျဉ်းမြောင်းလွန်းသဖြင့် ပြုပြင်ရန် ခက်ခဲကာ အချိန်ယူ ပြင်ဆင်နေရသော လမ်းပိုင်းလည်း ဖြစ်သည်။ ရှမ်းပြည်တောင်ပိုင်းတွင် မိုးရွာခြင်းကြောင့် တောင်သား နံရံများ ပဲ့ကျ ပြိုကျခြင်းကြောင့် တောင်ကမ်း ပါးယံတွင် မြေသားအမာခံမရှိဘဲ လမ်းကျဉ်း မြောင်းနေပြီး တောင်နံရံ တစ်လျှောက်တွင်လည်း မိုးရာသီ ကာလ မြေပြိုထားသော မြေသားများရှိပါတယ်။



