သြဂုတ် ၂၆ ရက်ညနေပိုင်းမှစတင်ကာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် "ကဂျကိ"မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။ယနေ့ ဩဂုတ် ၂၈ရက်တွင် ရေများပြန်လည်ကျဆင်းသွားသဖြင့် စာသင်ကျောင်းများနှင့် နေအိမ်များအတွင်းတင်ကျန်ခဲ့သည့် ရွှံ့၊ နှုံးများ၊ ဒိုက်များကို ပုဗ္ဗသီရီမြို့နယ်မီး သတ်စခန်းနှင့် တပ်ကုန်းမြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များမှ လာရောက်ရှင်းလင်းခဲ့ကြသည်။
ရေကြီးရေလျှံမှုပြီးနောက် တင်ကျန်ခဲ့သည့် ရွှံ့၊ နှုံး ၊ဒိုက်များကို ရှင်းလင်း
Aug 29 • 2:52 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
4 | 0 | 0 | 0 |