လာမည့်ဒီဇင်ဘာ၁ရက်မှစတင်ကာ အေးရှားလေကြောင်းသည် ဘန်ကောက်၊ လွမ်ပရာဘောင်နှင့် ဟနွိုင်းမြို့တို့ကို ဆက်သွယ်မည့် နေ့စဉ် ပျံသန်းမှုများကို တိုက်ရိုက်စတင်ပျံသန်းမည်ဖြစ်သလိုလေယာဉ်များသည် မွန်းလွဲအစောပိုင်းတွင် ဘန်ကောက်မြို့ရှိ ဒွန်မွန်းလေဆိပ်မှ ထွက်ခွာပြီး လွမ်ပရာဘောင်တွင် ခေတ္တရပ်နားကာ ဟနွိုင်းသို့ ဆက်လက်ပျံသန်းမည်ဖြစ်သည်။ပြန်လည်ပျံသန်းမည့်ခရီးစဉ်သည်လည်း ညနေပိုင်းတွင် မြို့တစ်မြို့စီတွင် ခေတ္တရပ်နားကာ အလားတူလမ်းကြောင်းအတိုင်း ပြန်လည်ပျံသန်းမည်ဖြစ်သလိုလေယာဉ်သည် ဘန်ကောက် ဒွန်မွန်းလေဆိပ်မှ နေ့လည် ၁:၅၅ နာရီတွင် ထွက်ခွာပြီး လွမ်ပရာဘောင်သို့ ၃:၁၅ နာရီတွင် ဆိုက်ရောက်မည်။ ထို့နောက် ၄:၀၅ နာရီတွင် ဟနွိုင်းသို့ ဆက်လက်ပျံသန်းကာ ၅:၁၅ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။ပြန်လည်ပျံသန်းမည့်လေယာဉ်သည် ဟနွိုင်းမြို့မှ ညနေ ၅:၄၅ နာရီတွင် ထွက်ခွာပြီး ည ၆:၅၅ နာရီတွင် လွမ်ပရာဘောင်တွင် ခေတ္တရပ်နားကာ ည ၉:၁၅ နာရီတွင် ဘန်ကောက်သို့ ပြန်လည်ဆိုက်ရောက်မည်ဖြစ်သည်။



