ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်သည့် EFR ကုမ္ပဏီမှ သာမန်အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစု ကျပ် (၇၀) ကိုစက်တင်ဘာလအတွင်းခွဲဝေပေးမည် ဖြစ်ကြောင်းသိရသည်။ထိုသို့ ဆောင်ရွက်ပေးရာတွင် လာမည့် စက်တင်ဘာလ (၅) ရက်မှ စတင်ပြီးရှယ်ယာရှင်များကို အမြတ်ဝေစုခွဲပေးမည်ဖြစ်ရာ အစုရှယ်ယာရှင်များအနေဖြင့် ခွဲဝေပေးမည့် အမြတ်ဝေစုကို မိမိတို့ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ်ခဲ့သည့် လိုင်စင်ရ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီမှ တစ်ဆင့် လက်ခံရရှိနိုင်မည်ဖြစ်သည် ။ ရန်ကုန်စတော့အိတ်ချိန်း Main Board ၌ အများပိုင်ကုမ္ပဏီ ၈ ခုဖြင့် Pre–Listing Board တွင် လယ်ယာစိုက်ပျိုး ရေးကို အခြေခံသည့် ကုမ္ပဏီတစ်ခုတို့က စတော့ရှယ်ယာများကို အများပြည်သူရုံးပိတ်ရက်မှအပ နေ့စဉ်အရောင်းအဝယ်ဆောင်ရွက်နေပြီး EFR ကုမ္ပဏီသည် ရန်ကုန်စတော့အိတ်ချိန်း၏ Main Board တွင် ပါဝင်ဆောင်ရွက်နေသည့် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ကြောင်းသိရသည်။
ကုမ္ပဏီမှသာမန်အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစုကျပ် ( ၇၀ )ကို စက်တင်ဘာလအတွင်း ခွဲဝေပေးမည်
Aug 24 • 4:04 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 11 | 0 | 0 | 0 |


