မန္တလေးတစ်မြို့လုံး လှည့်ပတ်ခိုးနေသည့် ဆိုင်ကယ်သူခိုးများအနေနှင့်၊ ယခုနောက်ပိုင်း၊ နေအိမ်ခြံဝင်းထဲ ဝင်ရောက်ခိုးယူသည်အထိ အတင့်ရဲလာကြောင်း၊ ဒေသခံများထံကသိရသည်။ညဥ့်နက်သန်းခေါင်အချိန်များအပြင်၊ နေ့လယ်နေ့ခင်းဘက်များတွင်ပါ အတင့်ရဲစွာဖြင့် ဝင်ရောက်ခိုးယူနေကြခြင်း ဖြစ်ကြောင်း၊ ဒေသတွင်းသတင်းများက ဆိုသည်။ဆိုင်ကယ်သူခိုးများအား စီစီတီဗီမှတ်တမ်းမှတစ်ဆင့် ဖော်ထုတ်ဖမ်းဆီးနိုင်ရန် ကြိုးပမ်းသော်လည်း၊ အကူအညီမရကြောင်း၊ ၎င်းတို့သည် အုပ်စုဖွဲ့ထားသော သူခိုးဂိုဏ်းအသွင်ဖြင့်၊ တစ်မြို့လုံးလှည့်ပတ်ခိုးယူနေကြကြောင်း၊ ပြစ်မှုကျူးလွန်စဥ် အမျိုးသမီးများလည်းပါဝင်ကြောင်း သိရသည်။
မန္တလေးမှာ ဆိုင်ကယ်သူခိုးတွေသောင်းကျန်း နေအိမ်ခြံဝင်းထဲဝင်ခိုးတဲ့အထိ အတင့်ရဲလာ
Aug 24 • 3:40 PM
မြန်မာ
မန္တလေး
မျှဝေမည်
3 | 0 | 0 | 0 |