ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ပတူနန်းရှိ Pratunam နာမည်ကြီးကုန်တိုက်မှာ ဒီနေ့ ဩဂုတ်လ ၂၃ ရက် နေ့လယ် ၂ နာရီ ၁၉ မိနစ်မှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မီးကိုထိန်းချုပ်ဖို့ အာဏာပိုင်တွေက အလျင်အမြန်ရောက်ရှိလာခဲ့ပါတယ်။ ကနဦးသတင်းတွေအရ မီးဟာ တတိယထပ်ကနေ စတင်ခဲ့တယ်လို့ သိရပါတယ်။ မီးကို ယခုအခါမှာ ထိန်းချုပ်ထားနိုင်ပါပြီ။ စစ်ဆေးမှုတွေအရ မီးဟာ တတိယထပ်က ဆိုင်တစ်ဆိုင်ထဲမှာ အဝတ်ပုံတွေကို လောင်ကျွမ်းနေတာဖြစ်ပါတယ်။ နောက်ထပ်အသေးစိတ်အချက်အလက်တွေကိုတော့ စုံစမ်းစစ်ဆေးနေပြီး သတင်းထုတ်ပြန်သွားပါမယ်လို့ သိရပါသည်။
ဘန်ကောက်၊ ပတူနန်း Pratunam ကုန်တိုက်မှာ မီးလောင်မှုဖြစ်ပွား
Aug 24 • 3:21 PM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
8 | 0 | 0 | 0 |