၂၀၂၃ အောက်စပ်လမှ ရပ်နားထားခဲ့သည့် မကွေးလေဆိပ်ခရီးစဉ်များကို ၂၀၂၅ အောက်စပ် ၂၅ ရက်မှ စ၍ အပတ်စဉ် တနင်္လာနှင့် ကြာသပတေးနေ့တိုင်း ပြန်လည်ပြေးဆွဲမည်ဟု သိရသည်။ မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းတို့က မန္တလေး–မကွေး၊ မြစ်ကြီးနား–မကွေး၊ မကွေး–နေပြည်တော်၊ မကွေး–ရန်ကုန် ခရီးစဉ်များကို လေယာဉ်ပြန်လည်လည်ပတ်မည်ဖြစ်သည်။



