အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်မ ဝင်းသိင်္ဂီထွန်းဟာ ဩဂုတ်၂၃ရက်ညနေက ကစားခဲ့တဲ့ ကလပ်အသင်းပွဲမှာလည်း မလေးရှားကလပ် ဆာဘားအသင်းအတွက် တစ်ပွဲတည်း လေးဂိုးသွင်းယူနိုင်ခဲ့ပြန်ပြီးဝင်းသိင်္ဂီထွန်းရဲ့ မိခင်ကလပ် ဆာဘားအက်ဖ်အေအသင်းဟာ ပြိုင်ဘက် ရက်ဒ်အီးဂဲလ်စ်အက်ဖ်စီအသင်းကို ၄-၀ဂိုးနဲ့ နိုင်ခဲ့ပြီး အနိုင်ဂိုး လေးဂိုးစလုံးကို ဝင်းသိင်္ဂီထွန်းတစ်ဦးတည်းက သွင်းယူခဲ့တာလည်းဖြစ်ပြီးကစားသမားဝင်းသိင်္ဂီထွန်းဟာ ဒီရာသီ မလေးရှားလိဂ်ပွဲစဉ်လေးပွဲကစားပြီးချိန်မှာ သွင်းဂိုး ဆယ်ဂိုးအထိ သွင်းယူထားနိုင်ပြီး ဂိုးအများဆုံးသွင်းယူထားသူ စာရင်းမှာလည်း ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
မြန်မာကစားသမားဝင်းသိင်္ဂီထွန်းဟာ ကလပ်အသင်းအတွက် တစ်ပွဲတည်း လေးဂိုးသွင်းလိုက်ပြန်
Aug 23 • 10:08 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
5 | 0 | 0 | 0 |