ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင်ဖောင်တော်ဦးဘုရားဒေသစာရီ ကြွချီပွဲ နီးကပ်လာ၍ ဒေသခံများ မိမိတို့နေအိမ်၊ အဆောက်အဦးများရှေ့ပေါင်း၊ မြက်၊ ချုံနွယ်များရှင်းလင်းခြင်း၊ ရေမြောင်းများ ဆည်ယူခြင်း၊ ခြံစည်းရိုး အုတ်တံတိုင်းကို ဆေးသုတ်ခြင်းကို မိမိအစီအစဥ်ဖြင့် သြဂုတ်လ (၂၀)ရက်က အပြီး လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း သိရသည်။ညောင်ရွှေမြို့တွင် ယနေ့ သြဂုတ်လ (၂၃)ရက် နံနက်ပိုင်းကလည်း စစ်အစိုးရ ဌာနဆိုင်ရာ ဝန်ထမ်းများမှ ရွှေရတု ဆွမ်းစားကျောင်း၊ ရတနာမာရ်အောင်စေတီတော် ပတ်ဝန်းကျင်တွင် သန့်ရှင်းရေး လုပ်ခဲ့ကြောင်း သိရသည်။အင်းလေး ဖောင်တော်ဦး ဘုရားပွဲကိုလာမည့် စက်တင်ဘာလ (၂၂)ရက်နေ့မှ အောက်တိုဘာလ (၉)ရက်နေ့အထိ (၁၈)ရက်တိုင်တိုင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ဘုရားပွဲနီးလာပြီဖြစ်၍ မိမိအစီစဥ်ဖြင့်သန့်ရှင်းရေးလုပ်ကြရန် ညောင်ရွှေမြို့ထွေအုပ်နှင့် စည်ပင်မှ ညွှန်ကြား
Aug 23 • 2:48 PM
မြန်မာ
ရှမ်း
မျှဝေမည်
10 | 0 | 0 | 0 |