ကင်းတားဆည် ရေပိုလွှဲရေတံခါး ၂ ပေါက်ကို ၁ ပေလွှတ်ထားရာကနေ ဩဂုတ် ၂၃ ရက် ၁၂ နာရီအချိန်ကစပြီး ၊ ၆ လက်မသို့ ပြောင်းလဲထုတ်လွှတ်ထားပြီးမိုးရွာသွန်းမှုအခြေနေအရ ဩဂုတ် ၂၃ ရက် ၊ နေ့လည် ၁၂ နာရီအချိန်ကစပြီး ၊ရေတံခါး အမှတ် ၂ နဲ့ ၃ ကနေ၀ ဒဿမ ၅ ပေ ( ၆ လက်မ )စီ ပြောင်းလဲထုတ်လွှတ်ထားပါတယ်။ကင်းတားရေလှောင်တမံရဲ့ ရေပိုလွှဲရေတံခါး အမှတ် ၂ နဲ့ ၃ က သိုလှောင်ရေ ထိန်းညှိနိုင်ဖို့အတွက် ၁ ပေစီ ထုတ်လွှတ်နေရာ ကနေ တမံအတွင်း ဝင်ရေနဲ့ ပန်းလောင်မြစ်ကြောင်းတစ်လျှောက် မိုးရွာသွန်းမှုအခြေနေအရ ၂၃ ရက် ၊ နေ့လည် ၁၂ နာရီအချိန်က စပြီး ၊ ရေတံခါး အမှတ် ၂ နဲ့ ၃ ကနေ ၀ ဒဿမ ၅ ပေ (၆ လက်မ)စီ ပြောင်းလဲထုတ်လွှတ်ထားတာဖြစ်ပါတယ်လို့ " အသိပေးပြောကြားထားကာကင်းတားဘက်စုံရေလှောင်တမံ ရဲ့ ဩဂုတ် ၂၃ ရက်
အတွက် ကန်ရေပြည့်ရေမှတ် ၆၈၀ ဒဿမ ၄၄ ပေ၊
နဲ့ ရေလှောင်ပမာဏ ၇၅၈၄၀၀ ဧကပေ ရှိပြီး၊ ရေပြည့်ရန်လို ရေမှတ်၁၁ ဒဿမ ၅၆ ပေ နဲ့ရေပြည့်ရန်လို ရေလှောင်ပမာဏ ၁၁၅,၁၈၀ ဧကပေ ရှိပါတယ်။